အူဘာမီယန်းအား ပေါင်သန်း(၇၀)ရရှိလျှင် အာဆင်နယ်ရောင်းချမည်ဟု Daily Express ဖော်ပြခဲ့ပြီး အင်တာမီလန်ပစ်မှတ်ထားနေ

အူဘာမီယန်းအား ပေါင်သန်း(၇၀)ရရှိလျှင် အာဆင်နယ်ရောင်းချမည်ဟု Daily Express ဖော်ပြခဲ့ပြီး အင်တာမီလန်ပစ်မှတ်ထားနေ
Photos: Getty images
Photos: Getty images
Published 16 February 2020

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၈ ဇန်နဝါရီက ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကြေးပေါင် (၅၆)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်းအားခေါ်ယူရန် စပိန်ကလပ်အသင်းကြီးဖြစ်သည့် ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေသည်။ ယခုစီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း ၎င်းကိုလာမည့်နွေရာသီတွင်ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်အသင်းစာ Mirror ကဖော်ပြခဲ့သည်။

 

အာဆင်နယ်အသင်းသည် ဥရောပအသင်းကြီးများခေါ်ယူရန် ပစ်မှတ်ထားနေသော ၎င်းင်းတို့၏တိုက်စစ်မှူး အူဘာမီယန်းအား လာမည့်နွေရာသီတွင် ပေါင်သန်း (၇၀)ရရှိလျှင် ရောင်းထုတ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Express ကဖော်ပြခဲ့သည်။ 

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၈ ဇန်နဝါရီက ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကြေးပေါင် (၅၆)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်းအားခေါ်ယူရန် စပိန်ကလပ်အသင်းကြီးဖြစ်သည့် ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေသည်။ ယခုစီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း ၎င်းကိုလာမည့်နွေရာသီတွင်ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်အသင်းစာ Mirror ကဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်မှ ကစားသမားများဖြစ်သည့် လူကာကူ၊ ဆန်းချက်ဇ်၊ အဲရစ်ဆင်၊ အက်ရှ်လေယန်း၊ မိုဆက်စ် အစရှိသူ တို့ကို ခေါ်ယူထားသော အင်တာမီလန် အသင်းနည်းပြ ကွန်တီသည် နောက်ထပ်ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သည့် အူဘာမီယန်း (၃၀ နှစ်)ကို ပစ်မှတ်ထားနေ ကြောင်း Mirror ကဖော်ပြခဲ့သည်။ 

အူဘာမီယန်းသည် အာဆင်နယ်၌စာချုပ်သက်တမ်း (၁)နှစ်ခွဲသာ ကျန်ရှိတော့ပြီး ၎င်းကချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတွင် ကစားလိုသည်ဟု ဝန်ခံထားဖူးသည်။ ထို့ ပြင်အူဘာမီယန်းသည် အာဆင်နယ်အသင်း၏ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု ကိုလည်း ငြင်းဆန်ထားကြောင်း သိရှိ ရသည်။ အူဘာမီယန်းသည် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၉၂)ပွဲကစား ကာ (၅၇)ဂိုးသွင်းယူထားသည်။