ပထဝီနိုင်ငံရေး၊ ခေတ်ကာလအခြေအနေနှင့် ပြောင်းလဲလာသည့် စစ်မဟာဗျူဟာအရ ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူနှင့် တိုင်းပြည်က အားထားရသော တပ်မတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

ပထဝီနိုင်ငံရေး၊ ခေတ်ကာလအခြေအနေနှင့် ပြောင်းလဲလာသည့် စစ်မဟာဗျူဟာအရ ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူနှင့် တိုင်းပြည်က အားထားရသော တပ်မတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကလောတပ်နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကလောတပ်နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
Published 15 February 2020
မင်းနိုင်စိုး

လက်ရှိတပ်မတော်၏ ဖွဲ့စည်းတည်ဆောက်မှုမှာ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအတွက် ဦးတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပထဝီနိုင်ငံရေး၊ ခေတ်ကာလအခြေအနေနှင့် ပြောင်းလဲလာသည့် စစ်မဟာဗျူဟာအရ ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူနှင့် တိုင်းပြည်က အားထားရသော တပ်မတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောတပ်နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိများအား ဖေဖော်ဝါရီ ၁၄ ရက်၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည် မြင့်မားစေရေးနှင့်ပတ်သက်၍ ကာကွယ်ရေးစွမ်းရည် ထက်မြက်နေစေရန် လူ့စွမ်းအားအရင်းအမြစ်၊ လက်နက်စွမ်းပကားနှင့် စိတ်ဓာတ်တို့ မြင့်မားအောင် ကြိုးစားနေရမည်ဖြစ်ပြီး သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အပြည့်အဝ အသုံးချနိုင်ရမည်ဖြစ်ကာ မြေပြင်အနေအထားနှင့် ကိုက်ညီသည့် စစ်နည်းဗျူဟာများကို ထိုးထွင်းကြံဆ လုပ်ဆောင် ကျင့်သုံးနိုင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) တည်ဆောက်ရေးနှင့် ပတ်သက်၍ လက်ရှိတပ်မတော် ဖွဲ့စည်းတည်ဆောက်မှုမှာ နိုင်င့ံအခြေအနေအပေါ် မူတည်၍ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေးအတွက် ဦးတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယခုအချိန်တွင် ပထဝီနိုင်ငံရေးအခြေ အနေ၊ ခေတ်ကာလအခြေအနေ၊ ပြောင်းလဲလာသည့် စစ်မဟာဗျူဟာ၊ နည်းဗျူဟာများအရ ကာကွယ်ရေးစွမ်းရည် မြင့်မား၍ ပြည်သူက အားကိုးရသော၊ တိုင်းပြည်က အားထားရသော တပ်မတော်ဖြစ်စေရေး သမားရိုးကျ စစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် မိမိ၏တပ်ကို ကောင်းအောင်၊ တိုက်စွမ်းရည် တိုက်စွမ်းအား ပြည့်ဝအောင်၊ ပြည်သူက အားကိုးရသော၊ နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

စစ်သည်တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးနှင့်ပတ်သက်၍ စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်ဝစွာဖြင့် ထမ်းဆောင်နိုင်ရေးအတွက် အဆင့်အတန်းနှင့် လျော်ညီသည့်၊ ကိုက်ညီသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ သင်တန်းတိုင်း၌ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံမှုတို့ဖြင့် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

 

 

Most Read

Most Recent