လာမည့်နွေရာသီအပြောင်းအရွှေ့တွင် နာမည်ကျော်ကစားသမားများ ခေါ်ယူပေးမည်ဟု အက်ဒ်ဝုဒ်ဝက်ဒ် ပြောကြား

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် နာမည်ကျော်ကစားသမားများ ခေါ်ယူပေးမည်ဟု အက်ဒ်ဝုဒ်ဝက်ဒ် ပြောကြား
Photos: PA & Getty Images
Photos: PA & Getty Images
Published 12 February 2020

မန်ယူအသင်း၏ အမှုဆောင်ဒုက္ကဋ္ဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်က လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နာမည်ကျော်ကစားသမားများ ခေါ်ယူပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

မန်ယူအသင်း၏ အမှုဆောင်ဒုက္ကဋ္ဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်က လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နာမည်ကျော်ကစားသမားများ ခေါ်ယူပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် မက်ဂွိုင်းရား၊ ဝမ်ဘစ်ဆာကာနှင့် ဒန်နီယဲလ်ဂျိမ်းစ်တို့ကို ပေါင် (၁၄၅)သန်းအထိ အသုံးပြုကာ ခေါ်ယူခဲ့သလို၊ ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်လည်း စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ပေါင် (၆၇.၈)သန်း (Add-ons ကြေးများကိုပါ ထည့်တွက်ထားခြင်းဖြစ်သည်)ဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် အက်ဒ်ဝုဒ်ဝက်ဒ်က ဘရူနိုဖာနန်ဒက်စ်အား ခေါ်ယူခြင်းမှာ အစသာရှိသေးပြီး မန်ယူအသင်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နာမည်ကျော်ကစားသမားများကို ငွေကြေးများစွာအသုံးပြုကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အက်ဒ်ဝုဒ်ဝက်ဒ်က "ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့တာနဲ့ အဓိကကစားသမားတွေ ဒဏ်ရာက ပြန်လည်သက်သာလာတာကြောင့် လက်ကျန်ရာသီအတွက် အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါတယ်။ မန်ယူအသင်းအနေနဲ့ လိုချင်တဲ့ အနေအထားကို မရောက်သေးဘူးဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ မန်ယူအသင်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဆုတွေကို ယှဉ်ပြိုင်ရမယ့်အသင်းဖြစ်ပြီး အဲဒီလိုဖြစ်လာအောင် ကျွန်တော်တို့ ပြန်လည်တည်ဆောက်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ကစားသမားဖြည့်တင်းမှုမှာ လက်မတွန့်ခဲ့ပါဘူး။ ဆိုးလ်ရှား နည်းပြဖြစ်လာပြီးနောက်မှာ ကျွန်တော်တို့ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း (၂၀၀) ကျော် အသုံးပြုခဲ့ပါတယ်။ အခု ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့တာဟာ မန်ယူအသင်းအတွက် အစဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အသင်းတိုးတက်ရေးအတွက် လာမယ့်နွေရာသီမှာ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းပရိသတ်များသည် အသင်း၏လက်ရှိအခြေအနေကို စိတ်ပျက်နေကြပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အသင်းအမှုဆောင်ဒုက္ကဋ္ဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်၏ နေအိမ်ကို မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့သလို၊ မန်ယူအသင်းပိုင်ရှင်များကို ကွင်းအတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent