လက်ချီအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအား တုံ့ပြန်ရန် အသင်းဖော်များကို ကူလီဘလီ တိုက်တွန်း

လက်ချီအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအား တုံ့ပြန်ရန် အသင်းဖော်များကို ကူလီဘလီ တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 11 February 2020

နာပိုလီနောက်ခံလူ ကူလီဘလီက လက်ချီအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် တုံ့ပြန်ကြရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည်။ 

နာပိုလီနောက်ခံလူ ကူလီဘလီက လက်ချီအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် တုံ့ပြန်ကြရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည်။ 

နာပိုလီအသင်းသည် ဖေဖော်ဝါရီ (၉)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် လက်ချီအသင်းအား အိမ်ကွင်း၌ (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

နာပိုလီအသင်းအနေဖြင့် အိမ်ကွင်းတွင် လက်ချီအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းပရိသတ်များသည် ကစားသမားများအပေါ် ဒေါသထွက်နေကြကြောင်းလည်း သိရသည်။ 

ကူလီဘလီက လက်ချီအသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းပရိသတ်များကို တောင်းပန်ကြောင်းလည်း ဆိုခဲ့သည်။ 

ကူလီဘလီက "ကျွန်တော်တို့အနေနဲ့ လက်ချီအသင်းကို ရှုံးနိမ့်ခဲ့တာအတွက် တုံ့ပြန်နိုင်ဖို့ လိုပါတယ်။ အခု ရပ်တည်နေတဲ့ နာပိုလီအသင်း ရှိနေရမယ့် နေရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်ပိုကြိုးစားပြီး ပွဲတွေအနိုင်ရအောင် ကြိုးစားရမှာပါ"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။ 

နာပိုလီအသင်းသည် စီးရီးအေပွဲစဉ် (၂၃)အပြီးတွင် ရမှတ် (၃၀)မှတ်ဖြင့် အဆင့် (၁၁)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အင်တာမီလန် (၅၄ မှတ်)နှင့် (၂၄)မှတ်အထိ ကွာဟနေသလို၊ အဆင့် (၄)နေရာမှ အတ္တလန်တာအသင်း (၄၂ မှတ်)နှင့် (၁၂)မှတ် ကွာဟနေသည်။ 

 

 

Most Read

Most Recent