ချန်ပီယံလိဂ်ဖလား ရယူလိုကြောင်း ဂွါဒီယိုလာ ဝန်ခံ

ချန်ပီယံလိဂ်ဖလား ရယူလိုကြောင်း ဂွါဒီယိုလာ ဝန်ခံ
Photos: Sky Sports & Getty Images
Photos: Sky Sports & Getty Images
Published 11 February 2020

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူလိုကြောင်း ဝန်ခံခဲ့သည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူလိုကြောင်း ဝန်ခံခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်မှာ မိမိ၏နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည်ဟု ဂွါဒီယိုလာက ဆိုခဲ့သည်။

ဂွါဒီယိုလာက "ခင်ဗျားတို့(သတင်းထောက်များ)ပြောနေကြသလို ချန်ပီယံလိဂ်ဖလားကို ကျွန်တော် လိုချင်တယ်ဆိုတာကို ဝန်ခံပါတယ်။ ကျွန်တော့်အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားတာပါ။ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရီးယဲလ်အသင်းနဲ့ ကစားရမယ့်ပွဲက ဘယ်လိုဖြစ်လာမယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။ အဲဒီပွဲက ကျွန်တော့်ရဲ့ နည်းပြဘဝတစ်လျှောက်မှာ စိန်ခေါ်အကြီးမားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ ရီးယဲလ်အသင်းကိုသာ ကျွန်တော်တို့ မနိုင်ခဲ့ဘူးဆိုရင်တော့ အသင်းတာဝန်ရှိသူတွေက ကျွန်တော့်ကို ရာထူးက ထုတ်ပယ်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယားရပ်တည်မှုတွင် ရမှတ် (၅၁)မှတ်ဖြင့်  ဒုတိယနေရာ၌ ရပ်တည်နေသော်လည်း နံပါတ် (၁)နေရာမှ လီဗာပူးလ်အသင်း(၇၃ မှတ်)နှင့် (၂၂)မှတ်အထိ ကွာဟနေသည်။ 

ထို့ကြောင့် ဂွါဒီယိုလာက မိမိတို့အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ကြိုးပမ်းရမည်ဖြစ်ကြောင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ (၂၆)ရက်တွင် ဘာနေဗျူးကွင်း၌ ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent