စပိန်ခရီးစဉ် လွဲချော်ခဲ့သော်လည်း ယူရိုပါလိဂ်တွင် အီဂါလို ပါဝင်ခွင့်ရမည်

စပိန်ခရီးစဉ် လွဲချော်ခဲ့သော်လည်း ယူရိုပါလိဂ်တွင် အီဂါလို ပါဝင်ခွင့်ရမည်
Published 11 February 2020

 

မန်ယူအသင်းတိုက်စစ်မှူးသစ် အီဂါလိုသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် စပိန်လေ့ကျင့်ရေးခရီးစဉ်ကို လွဲချော်ခဲ့သော် လည်း ကလပ်ဘရုဂေးအသင်းနှင့်ကစားမည့် ယူရိုပါလိဂ် အဝေးကွင်းပွဲအတွက် လိုက်ပါခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုသည် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ မန်ယူအသင်းသို့ ရာသီဝက်အငှား ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ဗြိတိန်လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံ၌ သွားလာ နေထိုင်ဖူးသူများကို တင်းကျပ်စွာစစ်ဆေးနေသဖြင့် စပိန်လေ့ကျင့်ရေးခရီးစဉ်သို့ လိုက်မသွားဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်။ 

သို့သော် တရုတ်နိုင်ငံ၌ နေထိုင်ဖူးသူများအား စောင့်ကြည့်ကာလမှာ ၁၄ ရက်သာဖြစ်သာကြောင့် ၎င်းအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကလပ်ဘရုဂေးအသင်းနှင့်ကစားမည့် ယူရိုပါလိဂ်အဝေးကွင်းပွဲအတွက် လိုက်ပါရန် ခွင့်ပြုချက်ရမည်ဖြစ်ကြောင်း သိရသည်။

အီဂါလိုသည် ရှန်ဟိုင်းရှင်ဟွာအသင်းနှင့် ရာသီကြိုကာလ နှစ်ပတ်ကြာလေ့ကျင့်ခဲ့ပြီး ၎င်း၏စောင့်ကြည့်ကာလမှာ ဖေဖော်ဝါရီ(၁၆)ရက်တွင် ပြည့်မြောက်မည်ဖြစ်သည်။

ထို့ကြောင့် ဖေဖော်ဝါရီ(၁၇)ရက်တွင်ကစားမည့် ချယ်လ်ဆီး-မန်ယူပွဲတွင်လည်း အီဂါလိုကို အသင်းလူစာရင်း၌ ထည့်သွင်းကစားခွင့်ရှိနေသည်။

 

Most Read

Most Recent