မက်ဆီသည် စီရော်နယ်လ်ဒိုမဟုတ်ကြောင်းနှင့် မန်စီးတီးအနေဖြင့် ပရီးမီးယားလိဂ်နှင့်မသင့်တော်သည့် မက်ဆီကို မခေါ်သင့်ဟု ပီတစ် သုံးသပ်

မက်ဆီသည် စီရော်နယ်လ်ဒိုမဟုတ်ကြောင်းနှင့် မန်စီးတီးအနေဖြင့် ပရီးမီးယားလိဂ်နှင့်မသင့်တော်သည့် မက်ဆီကို မခေါ်သင့်ဟု ပီတစ် သုံးသပ်
Photo: Getty Images, UEFA, SPORTbible
Photo: Getty Images, UEFA, SPORTbible
Published 11 February 2020

 

အာဆင်နယ်အသင်းနှင့် ပြင်သစ်လက်ရွေးစင်အသင်းတို့၏ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပီတစ်က မက်ဆီအား မန်စီးတီးအသင်းက ရာသီကုန်တွင် ခေါ်ယူ ရန်ကြိုးပမ်းမည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး မက်ဆီသည် စီရော်နယ်လ်ဒိုကဲ့သို့ ကြံ့ခိုင်မှုမျိုးမရှိသဖြင့် ပရီးမီးယားလိဂ်နှင့် သင့်တော်သူမဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

''ရိုးရိုးသားသားပြောတာပါ။ မက်ဆီက ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ကာယပိုင်းအားပြိုင်မှုတွေနဲ့ အံဝင်ခွင်ကျမရှိပါဘူး။ ဒီလောက်နီးနီးကပ်ကပ် တိုက်ပွဲဝင်နေရတဲ့ပုံစံကိုလည်း သူ ကြိုက်မှာမဟုတ်ဘူး။ စပိန်မှာတော့ သူက ဒိုင်တွေရဲ့ အကာအကွယ်ပေးမှုကို ရရှိနေပါတယ်။ အင်္ဂလန်က ပရိသတ်တွေအတွက်တော့ မက်ဆီကစားတာကို မြင်ခွင့်ရတာ တကယ်ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဟာ သူ့အသက် ၃၂၊ ၃၃ လောက် ရှိနေတဲ့အချိန်မှာ ကြိုးစားမယ့်အစား လွန်ခဲ့တဲ့နှစ်တွေကတည်းက ခေါ်ခဲ့သင့်ပါတယ်။ မက်ဆီက စီရော်နယ်လ်ဒို မဟုတ်ပါဘူး။ သူတို့နှစ်ဦးရဲ့ ကြံ့ခိုင်မှုအရ မက်ဆီဟာ စီရော်နယ်လ်ဒိုလို ဖွဲ့စည်းထားတာမဟုတ်ပါဘူး''ဟု ပီတစ်က ပြောကြားခဲ့သည်။ 

ပီတစ်သည် ယခင်က မက်ဆီ၏ကစားပုံကို ပိုမိုသဘောကျသည်ဟု ဝန်ခံခဲ့ဖူးသူဖြစ်ပြီး ယခုသုံးသပ်မှုတွင်မူ ကြံ့ခိုင်မှုပြဿနာက အဓိကအဖြစ် ၎င်းက ဆိုနေသည်။ 

ပရီးမီးယားလိဂ်တွင် အောင်မြင်နေသည့် စပိန်နှင့် တောင်အမေရိကမှ လူကောင်သေးသည့် ကစားသမားအချို့ရှိသော်လည်း ၎င်းတို့က လူငယ်ဘဝကတည်းက ရောက်ရှိလာခြင်း ကြောင့်ဖြစ်သည်ဟုလည်း သူက ယူဆနေသည်။ 

၎င်းက ဆက်လက်၍ ''စီရော်နယ်လ်ဒိုရဲ့ကြံ့ခိုင်မှုက မယုံနိုင်စရာပါ။ ဒါပေမဲ့ မက်ဆီကတော့ အသက် (၃၂)နှစ်အရွယ်မှာတောင် နောက် (၁)နှစ်၊ (၂)နှစ်လောက်ပဲ အမြင့်ဆုံးပုံစံကို ထိန်းထားနိုင်မယ့်ပုံစံ ဖြစ်နေပါတယ်။ ဘာစီလိုနာလို နှစ်ပေါင်းများစွာ အထိုင်ကျနေတဲ့အသင်းမှာ ထိပ်တန်းကစားသမားတွေနဲ့ တွဲဖက်ကစားနေတာတောင် အရင်လိုအမြန်နှုန်းနဲ့ အလိမ်အခေါက်စွမ်းရည် မရှိတော့ပါဘူး။ သူ့အနားယူချိန်က သိပ်မကြာတော့ဘူးလို့ ကျွန်တော် ပြောရဲပါတယ်''ဟုလည်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent