ပျောက်ဆုံးကလေးရှာဖွေရေးလှုပ်ရှားမှုတွင် ဥရောပကလပ်အသင်းများအဖွဲ့ ECA အဖွဲ့ဝင် ကလပ်အသင်းများပါဝင်လာရန် ရိုးမားအသင်း ကြိုးပမ်းမည်

ပျောက်ဆုံးကလေးရှာဖွေရေးလှုပ်ရှားမှုတွင် ဥရောပကလပ်အသင်းများအဖွဲ့ ECA အဖွဲ့ဝင် ကလပ်အသင်းများပါဝင်လာရန် ရိုးမားအသင်း ကြိုးပမ်းမည်
Photos: Getty Images
Photos: Getty Images
Published 9 February 2020

နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးနှင့် ကလေးသူငယ်အခွင့်အရေး အမြတ်ထုတ်ခံရခြင်းဆိုင်ရာစင်တာအပါအဝင် ဗြိတိန်၊ စပိန်၊ ကင်ညာ၊ ဂရိ၊ ဘယ်လ်ဂျီယံ၊ ကနေဒါနှင့် ဂွါတီမာလာရှိ အဖွဲ့အစည်းများ၊ အာဂျင်တီးနား၊ အီကွေဒေါအစိုးရတို့နှင့်ပါ ထပ်မံ လက်တွဲနိုင်ခဲ့ပြီး ရိုးမားအသင်း၏ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်မီဒီယာများတွင် ပျောက်ဆုံးကလေးငယ်များ၏ အချက်အလက်များကိုဖော်ပြပေးထားကြောင်း သိရသည်။

 

စီးရီးအေကလပ် ရိုးမားအသင်းသည် ပျောက်ဆုံးကလေးရှာဖွေရေး လှုပ်ရှားမှုအစီအစဉ်တွင် ဥရောပကလပ်အသင်းများအဖွဲ့ (ECA) အဖွဲ့ဝင်နိုင်ငံများ ထပ်မံပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရိုးမားအသင်းသည် ၂၀၁၉ ခုနှစ် နွေရာသီမှစ၍ ကမ္ဘာတစ်ဝန်းရှိ ပျောက်ဆုံးကလေးငယ်များ ပြန်လည်ရှာဖွေတွေ့ရှိရေးအတွက် လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် လှုပ်ရှားမှုပြုလုပ်နေခြင်းဖြစ်သည်။ ကနဦး တွင် အမေရိကန်အခြေစိုက် ပျောက်ဆုံးနှင့် ကလေးသူငယ်အခွင့်အရေး အမြတ်ထုတ်ခံရခြင်းဆိုင်ရာ အမျိုးသားစင်တာ၊ အီတလီအခြေစိုက် Telefono Azzurro အဖွဲ့အစည်း နှစ်ခုနှင့်လက်တွဲ၍ အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ် ခေါ်ယူနိုင်ကြောင်း ကြေညာစဉ် ပျောက်ဆုံးကလေးများ၏ ဓာတ်ပုံ နှင့် ကိုယ်ရေးအချက်အလက်များကိုပါ ပူးတွဲထုတ်ပြန်၍ လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးနှင့် ကလေးသူငယ်အခွင့်အရေး အမြတ်ထုတ်ခံရခြင်းဆိုင်ရာစင်တာအပါအဝင် ဗြိတိန်၊ စပိန်၊ ကင်ညာ၊ ဂရိ၊ ဘယ်လ်ဂျီယံ၊ ကနေဒါနှင့် ဂွါတီမာလာရှိ အဖွဲ့အစည်းများ၊ အာဂျင်တီးနား၊ အီကွေဒေါအစိုးရတို့နှင့်ပါ ထပ်မံ လက်တွဲနိုင်ခဲ့ပြီး ရိုးမားအသင်း၏ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်မီဒီယာများတွင် ပျောက်ဆုံးကလေးငယ်များ၏ အချက်အလက်များကိုဖော်ပြပေးထားကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုအစီအစဉ်ပြုလုပ်ပြီး ခုနစ်လကျော်အကြာတွင် ကမ္ဘာတစ်ဝန်းရှိ ပျောက်ဆုံးကလေးငယ်ခြောက်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့သလို ရိုးမားအသင်း၏ အင်္ဂလိပ်ဘာသာအသုံးပြု Twitter Account မှာလည်း အင်္ဂလန်ကလပ်များကို ထည့်သွင်းမတွက်ချက်လျှင် စတုတ္ထမြောက် Follower အများဆုံး ဘောလုံးအသင်းဖြစ်လာကြောင်း သိရသည်။

သို့ဖြစ်ရာ ရိုးမားအသင်း၏ မဟာဗျူဟာဆိုင်ရာဥက္ကဋ္ဌ ပေါလ်ရော်ဂျာက ထပ်မံပြုလုပ်မည့်အစီအစဉ်များနှင့်ပတ်သက်၍ "လာမယ့် ရက်သတ္တပတ်တွေမှာ ECA အဖွဲ့ဝင်အားလုံးကို ဆက်သွယ်ပြီးတော့ ၂၀၂၀ မေ ၂၅ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးနှင့် ကလေးသူငယ်အခွင့်အရေး အမြတ်ထုတ်ခံရခြင်းဆိုင်ရာစင်တာအတွက် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲဒီနေ့က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတကာပျောက်ဆုံး ကလေးငယ်များနေ့ဖြစ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ ကလပ်အသင်းအားလုံးကို  သူတို့ရဲ့လူမှုမီဒီယာမှာ ဗီဒီယိုဖိုင်တစ်ခုလောက်ပဲ တင်စေချင်တာပါ။ အသင်းအားလုံးက တစ်ကြိမ်စီတင်တယ်ဆိုရင်ပဲ ပျောက်ဆုံးကလေး တွေနဲ့ သူတို့မိသားစုတွေ ပြန်လည်ဆုံဆည်းခွင့်ရဖို့ အများကြီးကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent