ဘွန်ဒစ်လီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 February 2020

မိုချန်ဂလာဘတ် - ကိုလုံး (တနင်္ဂနွေည ၉:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းရဲ့အိမ်ကွင်းမှတ်တမ်း၊ ကိုလုံးအသင်းရဲ့အမြင့်ပျံခြေစွမ်းတွေကြောင့် စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ မိုချန်ပဲ အနိုင်ယူမှာပါ။

 



ဘိုင်ယန်မြူးနစ် - လိုက်ပ်ဇစ် (တနင်္ဂနွေည ၁၁:၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က နောက်ဆုံး(၆)ပွဲဆက်အနိုင်ကစားထားသလို၊ လိုက်ပ်ဇစ်နဲ့အိမ်ကွင်းတွေ့ဆုံမှုတွေမှာလည်း ရာနှုန်းပြည့်အနိုင်ယူထားတာ တွေ့ရတယ်။ ဘိုင်ယန်ရဲ့ ၄-၂-၃-၁ ကစားကွက်မှာ ယာယီနည်းပြ ဟန်ဆီဖလစ်ခ်က No.10 Role မှာ ဂိုဟက်ဇ်ကာကို ပိုအကြိုက်တွေ့နေပြီး ကော်တင်ဟို၊ နာဘရီတို့လိုကစားသမားတွေတောင် အရန်ခုံထိုင်လာရတယ်။ အခုပွဲမှာ လည်း ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါ(၂)ပွဲဆက်အသုံးပြုခဲ့တဲ့ အခင်းအကျင်းကိုပဲ ဆက်သုံးဖို့များတယ်။ လိုက်ပ်ဇစ်ကတော့ မမျှော်လင့်ဘဲ ရှုံးပွဲပြန်တွေ့ပြီးနောက် ရလဒ်ပိုင်းယိုင်သွားသလို ပွဲကျပ်တွေ တောက်လျှောက်ကစားနေရတယ်။ ဂိုးမြူးနေတဲ့ ဘိုင်ယန်အသင်းကိုပဲ ရွေးချယ်ချင်တယ်။

 

Most Read

Most Recent