ပစ်မှတ်ထား ဖမ်းဆီးခံနေရသော သုတေသီများ

ပစ်မှတ်ထား ဖမ်းဆီးခံနေရသော သုတေသီများ
Photo: AP
Photo: AP
Published 5 February 2020
မောင်ကြွယ်စိုး

 

 

 

 

 

 

အရှေ့အလယ်ပိုင်းရှိ အာဏာရှင်အစိုးရများဟာ ပညာရှင်တွေ၊ သုတေသီတွေကို ဖမ်းဆီးပြီး အကျဉ်းသားလဲလှယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကဲခတ်သမားတွေက သတိပေးထားပါတယ်။

“အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ သုတေသီတွေဟာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်” လို့ ဂျောန်ပီယဲဖီလျူ က ပြောကြားခဲ့ပါတယ်။ သူက ပြင်သစ်နိုင်ငံရှိ Po တက္ကသိုလ်က သမိုင်းပညာရှင်တစ်ဦး ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသား ဖာရီဘာအေဒယ်ခါနဲ့ ရိုလန်မာရှယ်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကတည်းက အီရန်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်း မှုကို ခံခဲ့ရပါတယ်။ ဖာရီဘာက ပြင်သစ်- အီရန်အမျိုးသမီး မနုဿဗေဒပညာရှင်တစ် ဦးဖြစ်ပါတယ်။ အသက် ၆၀ ရှိပြီဖြစ်တဲ့ ဖာရီဘာဟာ အီရန်နိုင်ငံ တီဟီရန်မှာ မွေးဖွားတယ် ဆိုပေမယ့် ပြင်သစ်နိုင်ငံ စထရာဘိုးတက္ကသိုလ်မှာ ပညာသင်ကြားခဲ့သလို ပါရီမြို့မှာ ဖွင့်လှစ်ထားတဲ့ အစဉ်အလာကြီးမားတဲ့ School for Advanced Studies in the Social Science မှာ ပညာသင်ယူခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင် ၁၄ ရက်မှာ သူမကို အီရန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်ဆိုတဲ့အ ကြောင်းကို အီရန်နိုင်ငံ ပြည်ပရှိ ဖာရစီဘာ သာစကားနဲ့ ထုတ်လွှင့်တဲ့ မီဒီယာက ထုတ် ဖော်ပြောကြားခဲ့ပါတယ်။

ရိုလန်မာရှယ်က လူမှုဗေဒပညာရှင်တစ် ဦးဖြစ်ပါတယ်။ သူကတော့ ဘယ်လ်ဂျီယံနိုင်ငံ သားဖြစ်ပြီး ပြင်သစ်နိုင်ငံ Po တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ရိုလန်နဲ့ ဖာရီဘာတို့နှစ်ဦးဟာ အီရန်နိုင်ငံရဲ့အမျိုး သားလုံခြုံရေးကို ထိခိုက်စေတဲ့ လုပ်ငန်းတွေ လုပ်ဆောင်မှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ သူတို့နှစ်ဦး ဖမ်းဆီးခြင်းမခံရမီမှာပဲ အီရန်အစိုးရက သြစတြေးလျနိုင်ငံသား ကိုင်လီမိုရီ ဂီးလဘတ်ကို အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံမှု တွေ ပျက်စီးအောင်လုပ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။ အမျိုးသားလုံခြုံမှုကို ချိုးဖောက်မှုဆိုတာက ထောက်လှမ်းရေးလုပ်ငန်း လုပ်နေတယ်လို့ စွပ်စွဲလိုက်တာပဲ ဖြစ်ပါတယ်။

အီရန်အစိုးရဟာ နိုင်ငံခြားသား ပညာရှင်တွေကို အမျိုးသားလုံခြုံရေးအကြောင်းပြ ပြီး ဖမ်းဆီးနေရုံသာမကပါဘူး။ အီရန်နိုင်ငံနဲ့ တခြားပြည်ပနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသား ဖြစ်ခဲ့ဖူးထားတဲ့ နှစ်နိုင်ငံသားတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖာရီဘာကလည်း ဖမ်းဆီးခံရတဲ့အထဲပါဝင် ခဲ့ပြီး ဒုတိယနိုင်ငံသားလို့ခေါ်ရမယ့် ပြည်ပ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုကို အသိအ မှတ်မပြုပါဘူး။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အီရန်အစိုးရက ဗြိတိန်-အီရန်နိုင်ငံသား မနု ဿဗေဒပညာရှင် ကမီလ်အမာဒီကို ဖမ်းဆီး ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ၂၀၁၉ သြဂုတ်လအတွင်းမှာပဲ ကမီလ်ကို အီရန်လုံ ခြုံရေးတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ ဖမ်းဆီးခဲ့ တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက အာဖရိ ကနဲ့ အာရှနိုင်ငံတွေရဲ့ လူမျိုးစုတွေရဲ့ ယဉ် ကျေးမှုနဲ့ အခွင့်အရေးတွေကို လေ့လာနေတဲ့ ပညာရှင်ဖြစ်ပါတယ်။ တရုတ်-အမေရိကန် နိုင်ငံသား Xiyne Wang ဆိုရင် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ သူလျှိုမှုနဲ့ အီရန်အာဏာ ပိုင်တွေက ထောင်ချခံခဲ့ရပါတယ်။ အီရန်-အမေရိကန် နှစ်နိုင်ငံသူလျှိုလဲလှယ်ရေးအစီ အစဉ်အရ အမေရိကန်ဘက်မှ  အီရန်သိပ္ပံ ပညာရှင် မာဆွတ်ဆူလေမာနီကို ပြန်လွှတ် ပေးခဲ့ပါတယ်။ အီရန်ဘက်က ပရင့် စတန် တက္ကသိုလ်မှာ သမိုင်းပါရဂူဘွဲ့သင်ယူနေတဲ့ Wang ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အီရန်နိုင်ငံက အနောက်နိုင်ငံမှ ပညာ  ရှင်တွေ၊ သုတေသီတွေကို ဖမ်းဆီးခဲ့တဲ့လုပ် ရပ်ဟာ ဆယ်စုခေတ်တစ်ခုစာ ကြာခဲ့ပေမယ့် ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဘေရွတ်မြို့ရှိ အမေရိကန် တက္ကသိုလ်ရဲ့ဥက္ကဋ္ဌ မာလ်ကွန်ကီးရ်ဆိုရင် ၁၉၈၄ ခုနှစ်က ဟဇ်ဘိုလာတွေရဲ့လက်ချက် နဲ့ သေဆုံးခဲ့ပါတယ်။ အခုလည်း အီရန်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှု ခံနေရတယ်လို့ ဂျော်န်ပီယဲဖီလျူက ပြောကြား ခဲ့ပါတယ်။ ပြင်သစ်လူမှုရေးဗေဒပညာရှင် မိုက်ကယ်မူရောဆိုရင် ၁၉၈၅ ခုနှစ် မေလ ၂၂ ရက်နေ့က လက်ဘနွန်ရှိ အစ္စလာမ္မစ်ဂျီ ဟတ်အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ၁၉၈၆ ခုနှစ်က ဘေရွတ်မှာ သေဆုံးခဲ့ပါတယ်။ သူ့ကို ဆေးဝါးကုသခွင့်မပြုတာကြောင့် လက်ဘနွန်အကျဉ်းထောင်ထဲမှာ အသက်သေဆုံး ခဲ့ပါတယ်။

မကြာသေးမီကာလကပဲ အီတလီနိုင်ငံ မှာ ပါရဂူဘွဲ့ယူမယ့် ဂွီလီယိုရေဂီနီတစ် ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပါ တယ်။ သူက အလုပ်သမားသမဂ္ဂများအ ကြောင်း စာတမ်းရေးသားဖို့ အချက်အလက် တွေ ရှာဖွေနေစဉ် အီဂျစ်နိုင်ငံမှာ ပျောက်ဆုံး ခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂတွေဟာ အီဂျစ်နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍ မှာရှိနေပါတယ်။ အဲဒီအလုပ်သမားသမဂ္ဂတွေ ရဲ့ သမိုင်းကို ရေးသားနေတဲ့ ရေဂီနီကို အာ ဏာပိုင်တွေက မျက်စိစပါးမွှေးစူးခဲ့တာ ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ လူမဆန် စွာ နှိပ်စက်မှုခံရပြီးတဲ့နောက် ရေဂီနီယိုဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ လမ်းဘေးတစ်နေရာ မှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် မေလက ဗြိတိန်နိုင်ငံသား သုတေသီ မက်သယူးဟက်ဂျက်စ်လည်း ယူအေအီးနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူက လည်း ပါရဂူဘွဲ့ယူမယ့် ကျောင်းသားတစ်ဦး ဖြစ်ပြီး ယူအေအီးနိုင်ငံကို နှစ်ပတ်ကြာ ခရီး ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ သူ ဒူဘိုင်းလေဆိပ် ရောက်တာနဲ့ ယူအေအီးအာဏာပိုင်တွေက မက်သယူးဟာ ဗြိတိန်နိုင်ငံအတွက် သူလျှို လုပ်ပေးသူလို့ စွပ်စွဲခဲ့ပြီး ယူအေအီးနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၂၀၁၈ နိုဝင်ဘာလကျမှ ယူအေအီးနိုင်ငံရဲ့ အမျိုး သားနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

“မက်သယူးဟာ သုံ့ပန်းချင်းဖလှယ်ရေး အစီအစဉ်နဲ့ ပြန်လွတ်လာရတာဖြစ်ပါတယ်။ ကုလသမဂ္ဂက ယီမင်နိုင်ငံမှာ ဖြစ်နေတဲ့ စစ်ပွဲ ရပ်ဆိုင်းရေး လုပ်ဆောင်ခဲ့တာကြောင့် ပြန် လွတ်လာရခြင်းဖြစ်တယ်” လို့ မာ့ခ်အယ်လ် မွန်က ပြောကြားခဲ့ပါတယ်။ မာ့ခ်အယ်လ်မွန် က အောက်စဖို့ဒ်တက္ကသိုလ်မှ အကျပ်အတည်း ဆိုင်ရာပြဿနာအင်စတီကျူရဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ မက်သယူးမလွတ်ခင် တစ်ပတ်အလိုကတည်းက မာ့ခ်က တယ်လီဂရပ်ဖ်သတင်းစာမှာ အထက်ပါအတိုင်း ဖော် ပြခဲ့ပါတယ်။

သုတေသီတွေ၊ သမိုင်းပညာရှင်တွေ ဟာ အရှေ့အလယ်ပိုင်းဒေသမှာရှိနေတဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားရေးအခြေအနေတွေ ကို သေသေချာချာ လေ့လာနေကြပါတယ်။ ပညာရှင်တွေကို ဂျီဟတ်တွေ၊ အမျိုးသားရေး ၀ါဒီတွေနဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ အာ ဏာပိုင်တွေက မုန်းတီးနေကြတာကြောင့် မိမိတို့နိုင်ငံအတွင်းကို သုတေသီတွေ၊ ပညာ ရှင်တွေ မလာရောက်နိုင်အောင် တင်းတင်း ကျပ်ကျပ် ပိတ်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။

အီရန်နိုင်ငံက နိုင်ငံခြားသားပညာရှင် ၁၀ ယောက်ကနေ ၁၅ ယောက်အထိ ဖမ်းဆီး ထားပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ သော် မဆင်ရိုက်တာဖောင်ဒေးရှင်းက နာဇာနင် ဇာဂဟာရီ-ရက်ကလစ်ဖ်လည်း ပါဝင်ပါ တယ်။ နာဇာနင်ကို နိုင်ငံတော်အကြည်ညို ပျက်အောင်လုပ်မှုနဲ့ ထောင်ဒဏ်ငါးနှစ် ချ ထားကြောင်း ပြင်သစ်နိုင်ငံ CNRS  သုတေသနအင်စတီကျုမှ ဂျော်န်ဖရန်ဆွာဘာယာ က ပြောကြားခဲ့ပါတယ်။ အီရန်ရေးရာ အထူး ကျွမ်းကျင်သူဖြစ်တဲ့ ဘားနာ့ဒ်ဟူကာဒေးက အီရန်နိုင်ငံရှိ ရီပတ်ဘလီကန်တပ်ဖွဲ့မျိုးဆက် တွေဟာ နိုင်ငံတကာက ဝိုင်းကျဉ်ခံထားရတဲ့  နိုင်ငံမှာမွေးဖွားခဲ့သူတွေဖြစ်တာကြောင့် ယခု လို လုပ်ဆောင်နေတာဖြစ်ကြောင်း အပြစ် တင်စကားပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်က အီရန်ဗိုလ်ချုပ် ဆိုလေမာနီကို ဒုံးကျည်ဖြင့် ပစ်ခတ်ချေမှုန်းခဲ့ပါတယ်။ အီရန်နိုင်ငံက သွေးရူးသွေး တမ်းဖြစ်နေတာကြောင့် သူတို့ဖမ်းဆီးထားတဲ့ ပညာရှင်တွေကို အသုံးချပြီး စေ့စပ်ကျေအေး ပေးမှုတွေပြုလုပ်ဖို့ အနေအထားမှာရှိမနေပါဘူး။ အီရန်က ဖမ်းထားတဲ့ ပညာရှင်တွေ ကို သံတိုင်တွေကြားမှာထားခြင်းနဲ့ပဲ သူတို့ရဲ့  ရှုံးနိမ့်မှုတွေကို လက်စားချေနေကြမှာဖြစ်ပါ တယ်။ ပညာရှင်တွေ၊ သုတေသီတွေဟာ သမိုင်းအမှန်ကို ဖော်ထုတ်နေသူတွေဖြစ်တာ ကြောင့် အာဏာရှင်နိုင်ငံက အစိုးရတွေဟာ သမိုင်းပညာရှင်တွေ၊ သုတေသီတွေကို မျက် မုန်းကျိုးနေကြတာဖြစ်ပါတယ်လို့ ဖီဂျူက သုံးသပ်ခဲ့ပါတယ်။

 

Most Read

Most Recent