ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးနေသဖြင့် စာနာထောက်ထားကြောင်း သဝဏ်လွှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တရုတ်သမ္မတထံပေးပို့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးနေသဖြင့် စာနာထောက်ထားကြောင်း သဝဏ်လွှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တရုတ်သမ္မတထံပေးပို့
Published 4 February 2020
နေမျိုးဝင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးသဖြင့် စာနာထောက်ထားကြောင်း သဝဏ်လွှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်သမ္မတရှီကျင့်ဖျင်ထံပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

သဝဏ်လွှာတွင် တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်ကျန်းမာရေးဆိုင်ရာ နည်းပညာများ ပိုင်ဆိုင်ထားသည့်အတွက် ယခုဖြစ်ပွားလျက်ရှိသည့် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ဆက်လက်မပြန့်ပွားရေးကို အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မစ္စတာရှီကျင့်ဖျင်၏ ဦးဆောင်မှု အောက်တွင် တရုတ်ပြည်သူများ၏ စည်းလုံး ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟုလည်း အပြည့်အဝယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းအခက်အခဲ ကို ဖြေရှင်းရန်အတွက် နည်းလမ်းများရှာဖွေ ရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်မည် ဖြစ်ကြောင်း စသည်တို့ ပါရှိသည်။

နိုင်ငံပေါင်း ၂၀ ကျော်တွင် ကိုရိုနာဗိုင်း ရပ်စ်ပြန့်ပွားမှုများဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၃ ရက်အထိ စုစုပေါင်းသေဆုံးသူ ၃ဝဝကျော် ရှိလာကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေကြေ ညာထားသည်။

 

 

Most Read

Most Recent