ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ၄၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွန်ကြားရေးမှူးကို တရားခံဘက်က ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ၄၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွန်ကြားရေးမှူးကို တရားခံဘက်က ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး
Published 3 February 2020
ဖြိုးဇင် (ထားဝယ်)

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ ကို ၄၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးကို တရားခံဘက်မှ ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ် နှင့်အထွေထွေမန်နေဂျာ ဦးသူရအုံတို့ကို ဖေဖော်ဝါရီ ၃ ရက်က ရုံးထုတ်လာခဲ့ပြီး တရားခွင်စတင်ချိန်၌ စွဲချက်တင်အမိန့်ချထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၁/၂၀၁၉)၊ (၃/ ၂၀၁၉)၊ (၄/၂၀၁၉) အမှုများ၏ တရားလိုဖြစ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏အမှုစစ်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို တရားခံဘက်မှ ပြန်ခေါ်သက်သေအဖြစ် တရားခံဘက်မှ ရှေ့နေများက စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီကနေ ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၃ ရက်နေ့ ၄၅ ကြိမ်မြောက်ရုံးချိန်းမှာ တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ်(၁/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှုတို့က ပြန်ခေါ်သက်သေဦး သန်းဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ်(၂/၂၀၁၉)၊ (၄/ ၂၀၁၉) အမှုတို့က ပြန်ခေါ်သက်သေ ဦးဖြိုး ဝင်းထွန်းကို စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပတဲ့ကာလဖြစ်နေတဲ့အတွက်ကြောင့် လာရောက်သက်သေခံနိုင်ခြင်း မရှိပါကြောင်း တင်ပြတဲ့အတွက် ၎င်းကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် ဖေ ဖော်ဝါရီလ ၁၇ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ပြန်ခေါ်သက်သေဦး ဖြိုးဝင်းထွန်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်၊ ပုလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်လှိုင်တို့ကို စစ်ဆေးဖို့ ချိန်း ဆိုထားခြင်းပဲဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေးဦးစီးမှူးဒေါ်အေးအေးသန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ၄၄ ကြိမ် မြောက် ရုံးချိန်း၌ တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် (၁/၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉) (၄/ ၂၀၁၉) အမှုများအတွက် တရားခံ ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၅ အလည်းကောင်း၊ ရာဇဝတ် ကြီးအမှုအမှတ်(၃/၂၀၁၉)နှင့် (၄/၂၀၁၉) အမှုများမှ GGS ကုမ္ပဏီတာဝန်ရှိသူများဖြစ်သည့် တရားခံဦးသိန်းထွေး၊ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ မူလ စွဲဆိုထားသည့်ပုဒ်မများအတွက် စွဲချက်တင် ခဲ့ပြီးနောက် တရားခံများဘက်မှ တရားခံပြ သက်သေအဖြစ် တရားလိုပြသက်သေ ၃၁ ဦး ကို ပြန်ခေါ်စစ်ဆေးပေးရန်ရုံးတော်သို့ တင်ပြခဲ့ရာမှ ပထမဦးဆုံးအဖြစ် ဦးသန်းဇော်ဝင်း ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားခွင်အတွင်းတရားခံဘက်မှ အကျိုးဆောင်ရှေ့နေများက ဦးသန်းဇော်ဝင်းကို စစ်ဆေးရာတွင် စွဲချက်တင်ခံထားရသည့် ပုဒ်မများနှင့်ပတ်သက်၍ တရားလိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စတင်အမှု ဖွင့်တိုင်ကြားစဉ်က အချက်အလက်များ၊ အမှုအတွင်းပါဝင်သည့် GGS ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့သောလုပ်ငန်းများနှင့် ပတ်သက်သည့်စစ်ဆေးတွေ့ရှိချက်များ၊ ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် က ရာထူးတာဝန်များနှင့်ပတ်သက်၍လုပ်ဆောင်ခဲ့သည့်ကိစ္စများနှင့် တရားလိုပြ သက်သေများ၏အမှုနှင့်ပတ်သက်သော ထွက်ဆိုချက်များအပေါ် မှန်ကန်မှုရှိ မရှိ၊ စာရွက်စာတမ်းသက်သေအချက်အလက်ခိုင်မာမှုရှိ မရှိ တို့ကို စစ်မေးခဲ့သည်။

ထို့ပြင် တရားလိုဖြစ်သူ ဦးသန်းဇော်ဝင်း ကို တရားခံဘက်မှ အကျိုးဆောင်ရှေ့နေများ က စစ်မေးရာ၌ ဒေါက်တာလဲ့လဲ့မော်အနေဖြင့် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ရာထူး တာဝန်အား အလွဲသုံးစားပြု၍ကုမ္ပဏီများထံ မှ လာဘ်ထိုးသည့်ငွေများကိုလက်ခံရယူပြီး အဂတိလိုက်စားကြောင်း တရားစွဲအဖွဲ့အစည်း ကိုယ်စားတရားလိုအနေဖြင့် အမှုဖွင့်ခဲ့သော် လည်းယင်းကိုယ်စား သက်သေခံအထောက်အထားများကို တင်ပြရမည့်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းဖြစ်သည်ဆိုလျှင်ဟူ၍ မေးမြန်းခဲ့ရာ တရားလိုဘက် မှ ဥပဒေအရာရှိများက အမှုနှင့်ပတ်သက်၍ အထောက်အထား ခိုင်မာခဲ့သောကြောင့် စွဲချက်တင်ဖြေရှင်းရမည့်အမိန့်ကို ချခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဖက်အကျိုးဆောင်ရှေ့နေက တရားလိုအား ယခုကဲ့သို့ မေးမြန်းခြင်းမှာ ရုံးတော်၏အမိန့်ကို ဆန့်ကျင်နေသည့်သဘောဖြစ်ကြောင်းပြောဆိုကာ မေးခွန်းကို ကန့်ကွက် ခဲ့သည်။ ထို့နောက် တရားသူကြီးက တရားခံ အကျိုးတော်ဆောင်များ၏ မေးခွန်းအပေါ် အမှု၌ စစ်ဆေးပေါ်ပေါက်သည့်သက်သေခံချက်များအရ တရားရုံးက သုံးသပ်ဆုံးဖြတ်ရမည့်အချက်ဖြစ်၍ ယင်းသို ့ဆုံးဖြတ်ခြင်းမပြုမီ ကြိုတင်မေးမြန်းခြင်းမှာ ရုံးအတွင်း ဥပဒေဆိုင်ရာအချက်အလက်ဖြစ်သောကြောင့် မေးခွန်း အားမေးမြန်းခွင့်မပြုကြောင်း အမိန့်ချခဲ့သည်။ ထို့ပြင် တရားခံဘက်မှ အကျိုးဆောင်ရှေ့နေ များက တရားခံပြပြန်ခေါ်သက်သေဖြစ်သူကို စစ်မေးရာ၌ မေးခွန်းတူများကိုအကြိမ်ကြိမ် မေးမြန်းခြင်းနှင့် ထွက်ဆိုပြီးသည့်မေးခွန်း များကို ထပ်မံမေးမြန်းခြင်းတို့ကြောင့် တရား ခွင်အချိန်ကြန် ့ကြာမှုမရှိစေရန် တရားသူကြီး က အကြိမ်ကြိမ် သတိပေးခဲ့သည်ကို တွေ့ရသည်။ ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးအား မူလစွ ဲဆိုထားသည့်ပုဒ်မများအတိုင်း စွဲချက်တင်ခဲ့ပြီးနောက် တရားခံပြသက်သေအဖြစ် ပြန်ခေါ်စစ်ဆေးပေးရန် အမည်စာရင်းကို ရုံး တော်သို ့တင်သွင်းစေခဲ့ရာ ရာဇဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)အမှုအတွက် တရားလိုပြ သက်သေခြောက်ဦး၊ ရာဇဝတ်ကြီးအမှုအမှတ် (၂/၂၀၁၉)အမှုအတွက် တရားလိုပြသက်သေ ၇ ဦး၊ ရာဇဝတ်ကြီးအမှုအမှတ်(၃။၂၀၁၉)အမှုအတွက် တရားလိုပြသက်သေခုနစ်ဦးနှင့် ရာဇဝတ်ကြီးအမှုအမှတ်(၄/၂၀၁၉) အမှုအတွက် တရားလိုပြသက်သေ ၁၁ ဦး စုစုပေါင်း တရားလိုပြသက်သေ ၃၁ ဦးကိုပြန်ခေါ်စစ် ဆေးပေးရန် တရားခံများဘက်က ရုံးတော်သို့ တင်သွင်းထားခဲ့သည်။ လက်ရှိအနေအထား အရ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှ ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို မူလစွဲဆိုထားသည့်ပုဒ်မများဖြင့် စွဲချက်တင်ကြောင်း အမိန့်ချထားခဲ့ပြီး ယင်းအမိန့်နှင့်ပတ်သက်၍မကျေနပ်ပါက တရားရုံးများလက်စွဲအပိုဒ် ၇၆၆ အရ အမိန် ့ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်းပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ပြင်ဆင်အမှုလျှောက်ထားနိုင်သည်ဟု သိရသည်။

Most Read

Most Recent