ရောမဒါဘီပွဲကို ရိုးမားအသင်းခေါင်းဆောင်ဟောင်း ဒီရော့ဆီ ရုပ်ဖျက်၍ သွားရောက်ကြည့်ရှုခဲ့

ရောမဒါဘီပွဲကို ရိုးမားအသင်းခေါင်းဆောင်ဟောင်း ဒီရော့ဆီ ရုပ်ဖျက်၍ သွားရောက်ကြည့်ရှုခဲ့
Photos: Getty Images
Photos: Getty Images
Published 2 February 2020

ဒီရော့ဆီသည် ဆံပင်အတု၊ နှာခေါင်းအတုနှင့် မျက်မှန်တပ်၍ မိတ်ကပ်လိမ်းခြယ်ကာ ရုပ်ဖျက်ထားပြီး ရိုးမားအသင်း အမာခံပရိသတ်များကြည့်ရှုလေ့ရှိသည့် Curva Sud  ပွဲကြည့်စင်ပေါ်မှ အားပေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။

 

ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သည့် ရိုးမားအသင်းခေါင်းဆောင်ဟောင်း ဒီရော့ဆီသည် ပြီးခဲ့သည့်တစ်ပတ်က ရောမဒါဘီပွဲကို ရုပ်ဖျက်၍ ပရိသတ်များနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဒီရော့ဆီသည် ဆံပင်အတု၊ နှာခေါင်းအတုနှင့် မျက်မှန်တပ်၍ မိတ်ကပ်လိမ်းခြယ်ကာ ရုပ်ဖျက်ထားပြီး ရိုးမားအသင်း အမာခံပရိသတ်များကြည့်ရှုလေ့ရှိသည့် Curva Sud  ပွဲကြည့်စင်ပေါ်မှ အားပေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။

အခြားပရိသတ်များ နှင့်အတူ သီချင်းသီဆိုအားပေးနေသည့် ဒီရော့ဆီ၏ဗီဒီယိုဖိုင်ကို Corrier dello Sport သတင်းစာအပါအဝင် အီတလီသတင်းဌာနများက ဖော်ပြခဲ့ကြပြီး ၎င်း၏ဇနီးဖြစ်သူ ဆာရာကလည်း ဒီရော့ဆီအား မိတ်ကပ်လိမ်းပေးနေသည့်ဗီဒီယိုကို Instagram တွင် တင်၍ အတည်ပြုခဲ့သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ဒီရော့ဆီသည် ရိုးမားအသင်း၌ ၁၈ နှစ်ကြာကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ် နွေရာသီတွင် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ဇန်နဝါရီမှာပင် အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

 

Most Read

Most Recent