တိုက်စစ်မှူးခေါ်ယူနိုင်လျှင် အသင်းအတွက် ပိုကောင်းမည်ဟု စပါးနည်းပြမော်ရင်ဟို သုံးသပ်

တိုက်စစ်မှူးခေါ်ယူနိုင်လျှင် အသင်းအတွက် ပိုကောင်းမည်ဟု စပါးနည်းပြမော်ရင်ဟို သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 2 February 2020

စပါးအသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဘက်တစ်အသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် ကွင်းလယ်လူ ဆယ်လ်ဆိုကို အပြီးသတ်ခေါ်ယူခဲ့သလို ဘင်ဖီကာ အသင်းကွင်းလယ်လူ ဂတ်ဒ်ဆန်ဖာနန်ဒက်စ်ကိုအငှား၊ PSV အသင်း တောင်ပံကစားသမား ဘာဝင်းချ်ကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။

 

စပါးအသင်းနည်းပြ မော်ရင်ဟိုက ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသာခေါ်ယူနိုင်ပါက အသင်းအတွက်ပိုကောင်းမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

စပါးအသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဘက်တစ်အသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် ကွင်းလယ်လူ ဆယ်လ်ဆိုကို အပြီးသတ်ခေါ်ယူခဲ့သလို ဘင်ဖီကာ အသင်းကွင်းလယ်လူ ဂတ်ဒ်ဆန်ဖာနန်ဒက်စ်ကိုအငှား၊ PSV အသင်း တောင်ပံကစားသမား ဘာဝင်းချ်ကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။

သို့သော် ဒဏ်ရာကြောင့် အနားယူနေရသည့် ဟာရီကိန်းနေရာတွင် အစားမထိုးနိုင်ခြင်းအတွက် မော်ရင်ဟိုက " အပြောင်းအရွှေ့လှုပ်ရှားမှုအတွက် ကျေနပ်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်သာပါရင်တော့ ပိုကောင်းတာပေါ့။ ရှေ့ဆက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲသုံးခုမှာ စိန်ခေါ်မှုကြီးကြီးမားမားရင်ဆိုင်ရရင် လူစာရင်းကို ဟန်ချက်ညီမျှစေဖို့ အတွက် တိုက်စစ်မှူးတစ်ယောက် လိုအပ်ပါတယ်။ ဇန်နဝါရီစျေးကွက် ဆိုတာ ကစားသမားခေါ်ယူဖို့ခက်ခဲတာကြောင့် တိုက်စစ်မှူးကောင်း ရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ဒါပေမယ့် လက်ရှိလူစာရင်းကိုလည်း ကျေနပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent