ဘွန်ဒစ်လီဂါပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်
Photos : Facebook
Photos : Facebook
Published 1 February 2020

 

ဒေါ့မွန် နှင့် အူန်ယွန်းဘာလင် (စနေည ၉းဝ၀ နာရီ)

ဟာလန်း ရောက်လာပြီးကတည်းက (၁)ပွဲ (၅)ဂိုးစီသွင်းထားတဲ့ ဒေါ့မွန်တိုက်စစ် အခုပွဲမှာလည်း ဘယ်နှဂိုးသွင်းမလဲပဲ ကြည့်ရမှာပါ။ ဒေါ့မွန်ကိုကြိုက်တယ်။

ဟော်ဖန်ဟင်မ် နှင့် လေဗာကူဆင် (စနေည ၉းဝ၀ နာရီ)

ဟော်ဖန်ဟင်မ်က အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ လေဗာကူဆင် နိုင်ပွဲဆက်နေပေမယ့် ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံမှုမှာ စောင့်ကြည့်ရဦးမယ်။ ဟော်ဖန်ဟင်မ်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ဖရန့်ဖတ် (စနေည ၉းဝ၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်က နောက်ဆုံး(၁၀)ပွဲမှာ (၁)ပွဲသာအနိုင်ရထားပြီး အခြေအနေဆိုးနေတယ်။ ဖရန့်ဖတ်အသင်း နိုင်ပွဲဆက် ဖို့များတယ်။

မိန့်ဇ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉းဝ၀ နာရီ)

(၅)ပွဲဆက် ဂိုးပြတ်တွေချည်းအနိုင်ကစားထားတဲ့ ဘိုင်ယန်အသင်းကို မိန့်ဇ် တားဆီးဖို့မလွယ်ဘူး။ ဒါပေမဲ့ ဘိုင်ယန် (၃)ဂိုးပြတ်နိုင်ဖို့တော့ ခက်မယ်။

အော့စ်ဘတ် နှင့် ၀ါဒါဘရီမင် (စနေည ၉းဝ၀ နာရီ)

၀ါဒါဘရီမင်အနေနဲ့ ဒီပွဲသာရလဒ်ဆိုးခဲ့ရင် တန်းဆင်းဇုန်ထဲအထိ ကျဆင်းသွားနိုင်တာ သတိပြုရမှာပါ။ အမှတ်ပိုလိုတဲ့ ၀ါဒါဘရီမင်ကိုပဲ ရွေးချင်တယ်။

လိုက်ပ်ဇစ် နှင့် မိုချန်ဂလာဘတ် (စနေည ၁၂းဝ၀ နာရီ)

လိုက်ပ်ဇစ်အသင်းက ဖရန့်ဖတ်နဲ့ပွဲမှာ ပြီးခဲ့တဲ့အောက်တိုဘာလနောက်ပိုင်း ဘွန်ဒစ်လီဂါရှုံးပွဲ ပြန်တွေ့ခဲ့ရတယ်။ အသင်း နောက်တန်းမှာ ဒဏ်ရာရကစားသမားတွေများနေလို့ နည်းပြ နာဂယ်စမန်းက Three Back ပုံစံ ပြောင်းကစားနေပြီး ကလိုစတာမန်း၊ မူကီလီတို့လို Full Back တွေတောင် ခံစစ်အတွင်း ဝင်ကစားနေရတယ်။ မိုချန်ဂလာဘတ်အသင်းကတော့ နောက်ပိုင်း အဝေးကွင်းပွဲတွေမှာ ရလဒ်ကျဆင်းနေပြီး နောက်ဆုံး(၄)ပွဲမှာ (၁)ပွဲသာသရေကျကာ (၃)ပွဲအရေးနိမ့်ထားခဲ့တယ်။ ဒါပေမဲ့ ပယ်လီယာ၊ သူရမ်တို့ကစားနေတဲ့ မိုချန်တိုက်စစ်ကိုတော့ လိုက်ပ်ဇစ်အသင်း သတိထားဖို့လိုပါတယ်။ အိမ်ကွင်းမှာတော့ လိုက်ပ်ဇစ် အနိုင်သေချာပါတယ်။ 

 

Most Read

Most Recent