WLC: 11 မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲတွင် တူးတူးအမှတ်ဖြင့် အရေးနိမ့်ပြီး စိန်ခေါ်သူ တူတာဗို့ ချန်ပီယံအသစ်ဖြစ်လာ

WLC: 11 မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲတွင် တူးတူးအမှတ်ဖြင့် အရေးနိမ့်ပြီး စိန်ခေါ်သူ တူတာဗို့ ချန်ပီယံအသစ်ဖြစ်လာ
Photos: Kaung Htet Aung
Photos: Kaung Htet Aung
Published 1 February 2020

WLC: 11 Battlebones မြန်မာ့လက် ဝှေ့ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သော မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲတွင် လက်ရှိချန်ပီယံ တူးတူးနှင့် စိန်ခေါ်သူ တူတာဗို့တို့  ယှဉ်ပြိုင်ထိုးသတ်ရာ တူးတူးအမှတ်ဖြင့် အရေးနိမ့်ခဲ့ပြီး ဥဇဘတ်ကစ္စတန်နိုင်ငံသား တူတာဗို့ ချန်ပီယံအသစ်ဖြစ်လာခဲ့ကြောင်း သိရသည်။

 

WLC: 11 Battlebones မြန်မာ့လက် ဝှေ့ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သော မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲတွင် လက်ရှိချန်ပီယံ တူးတူးနှင့် စိန်ခေါ်သူ တူတာဗို့တို့  ယှဉ်ပြိုင်ထိုးသတ်ရာ တူးတူးအမှတ်ဖြင့် အရေးနိမ့်ခဲ့ပြီး ဥဇဘတ်ကစ္စတန်နိုင်ငံသား တူတာဗို့ ချန်ပီယံအသစ်ဖြစ်လာခဲ့ကြောင်း သိရသည်။



WLC: 11 Battlebones မြန်မာ့လက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီ (၃၁) ရက် ညနေ (၅)နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပခဲ့ရာ တွဲဆိုင်းစုစုပေါင်း ရှစ်ဆိုင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဓိကတွဲဆိုင်းတွင် ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့က WLC မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအသစ် ဖြစ်လာခဲ့ သည်။ 

တူးတူးသည် တူတာဗို့နှင့် ၂၀၁၄ ခုနှစ်က မွေ ထိုင်းလက်ဝှေ့ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ရာ ယခုကဲ့သို့ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ပထမအချီတွင် တူးတူးနှင့် တူတာဗို့တို့၏ ဆိုင်ထိုးပြိုင်ထိုးမှုများကြောင့် ပွဲမှာ မြိုင်ဆိုင်ခဲ့သည်။ 

ဒုတိယအချီတွင် တူတာဗို့က ပွဲကို စိုးမိုးနိုင်ခဲ့ပြီး တူးတူး၏ တိုက်စစ်ဆင်မှုကို အကောင်းဆုံးဟန့်တားကာ ထောက်လက်သီးများ၊ ပတ်တံတောင်ရိုက်ချက်များကို အသုံးပြုပြီး ရမှတ်များ ရယူနိုင်ခဲ့သည်။ 

တတိယအချီတွင် တူးတူးက တန်ပြန်တိုက်စစ်ပုံစံမှ တိုက်စစ်အသာပေးကစားဟန်သို့ လုံးဝပြောင်းလဲခဲ့ ရာ အမှားများခဲ့ပြီး တူတာဗို့၏ Power လက်သီးချက်၊ ခြေကန်ချက်များအောက်တွင် ရုန်းကန်ခဲ့ရသည်။ 

စတုတ္ထအချီတွင် တူးတူးက အနည်းငယ်အသာစီးပြန်ရခဲ့သော်လည်း တူတာဗို့၏ တန်ပြန်တိုက်စစ်ကြောင့် အခက်တွေ့ခဲ့ပြီး ထင်သလောက် အမှတ် ရယူနိုင်ခဲ့ခြင်းမရှိဘဲ တံတောင်ရိုက်ချက်များ၊ ထောက်လက်သီးများကို ခွင့်ပြုခဲ့ရသည်။

နောက်ဆုံးအချီတွင် တူတာဗို့က ပွဲကို ပြန်ထိန်းသွားခဲ့ပြီး လူချင်းအပူးမခံတော့ဘဲ အနင်းအတားများဖြင့်သာ ဆက်လက်ယှဉ်ပြိုင်ကာ ပွဲအပြီးတွင် တူးတူးကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ 

ဒုခေါင်ပွဲအဖြစ် ထိုးသတ်ခဲ့သော စိုးမင်းအောင်နှင့် ဆော့ရစ်သ် (ကမ္ဘောဒီးယား)၏ ပွဲစဉ်မှာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး ပထမအချီတွင် တစ်ဦးနှင့်တစ်ဦး အကဲ စမ်းကာ ယှဉ်ပြိုင်ခဲ့ကြသည်။ 

ဒုတိယအချီ တွင် စိုးမင်းအောင်၏ အနင်းအတား၊ ထောက်လက်သီးများ၊ အမြင့်ကန်ချက်များကြောင့် ဆော့ရစ်သ် နလန်မထူတော့ဘဲ ဒုတိယအချီ  (၁) မိနစ် (၃၁) စက္ကန့်တွင် အလဲထိုးခံရကာ အရှုံးပေးခဲ့ရသည်။ 

အခြားတွဲဆိုင်းများတွင် ဆင်မြူရယ်၊ ဟိန်းထွန်းအောင်၊ စောလှမင်း၊ အဲမွီနှင့် လင်းထက်နိုင်တို့က ပြိုင်ဘက်များကို အနိုင်ရခဲ့ပြီး အမျိုးသမီးတွဲဆိုင်းတွင် မန်ဖာဒီက ထရန်သီကို အနိုင်ရခဲ့သည်။

 

Most Read

Most Recent