FA ဖလားစတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလားစတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: FA
Photo: FA
Published 24 January 2020

QPR - ရှက်ဖီးဝင်းစ်ဒေး (စနေနံနက် ၂:၃၀ နာရီ)

လိဂ်ချန်ပီယံရှစ်က အသင်း(၂)သင်းဖြစ်ပြီး အကြိတ်အနယ်ကစားရမှာပါ။ ပြီးခဲ့တဲ့အဆင့်မှာတော့ QPR က ဆွမ်ဆီးကို (၅-၁)ဂိုးနဲ့ နိုင်ခဲ့တယ်။ ရှက်ဖီးဝင်းစ်ဒေးကတော့ ဘလက်ဘန်းကို (ဝ-၅)နဲ့ ရှုံးခဲ့တဲ့အရှုံးကနေ ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရဦးမှာပါ။ လက်ရှိအနေအထားအရ QPR ကို ပိုကြိုက်တယ်။

နော်သမ်တန် - ဒါဘီ (စနေနံနက် ၂:၃၀ နာရီ)

နော်သမ်တန်က ဒီအဆင့်ကိုရောက်ဖို့အတွက် အဆင့်တွေအများကြီး ကျော်ဖြတ်ခဲ့ရပြီး နော့ကောင်တီ၊ ဘာတန်တို့ လိုအသင်းတွေကိုလည်း အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒါဘီက ပရီးမီးယားလိဂ်ပြင်ပမှာ အင်အားကြီးအသင်းကောင်းတစ်သင်းပါ။ ဝူကူးနဲ့ ရွန်နီတို့ရဲ့ ဒါဘီကို ကြိုက်တယ်။