ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုအား လွှတ်တော်သို့တင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်ရေးထိုးခြင်းအစီအစဉ် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ပြုလုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုအား လွှတ်တော်သို့တင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်ရေးထိုးခြင်းအစီအစဉ် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ပြုလုပ်
 ဇန်နဝါရီ ၂၃ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနေမှုကို တွေ့ရစဉ်
ဇန်နဝါရီ ၂၃ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနေမှုကို တွေ့ရစဉ်
Published 24 January 2020
နေရိုင်း၊ ဇေယျာထွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အတည်ပြုထားသော  ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းနှစ်ခုကို လွှတ်တော်သို့တင်သွင်းရန် လွှတ်တော်ကိုယ်စား လှယ်များ၏ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ စားရိပ်သာဆောင်၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေ ကြမ်းတစ်ရပ်တင်သွင်းရာတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏  လက်မှတ်ရေးထိုးမှုလိုအပ်သဖြင့် လွှတ်တော် ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းနှစ်ခုကို NLD အပါအဝင် နိုင်ငံရေးပါတီရှစ်ခုမှ လွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ၅၀ ကျော်လက်မှတ် ထိုးထားကြောင်း သိရသည်။

“အခုလက်မှတ်ထိုးပြီးတာနဲ့ နာရီပိုင်း အတွင်းမှာပဲ နာယကဆီ တင်ပါပြီ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေပြီး တော့ ပြုစုထားတဲ့ပုဒ်မ ၄၃၆(က)နဲ့ အကျုံးဝင် တဲ့ဥပဒေမူကြမ်းတစ်ရပ်ရယ်၊ ပုဒ်မ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ရယ်၊ ဒါကို ပူးပေါင်းကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယ နာယကကြီး လက်မှတ်ထိုးပါတယ်။ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးလက်မှတ်ရေးထိုးပါတယ်။ နိုင်ငံရေးပါ တီတွေခုနစ်ခုရယ် NLD ရယ်ဆိုရင် နိုင်ငံရေးပါတီရှစ်ခုလက်မှတ်ရေးထိုးပြီး တင်သွား မှာပါ” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်Óဏစိုးက ပြောကြားသည်။

ဇိုမီးဒီမိုရေစီအဖွဲ့ချုပ်ပါတီမှ ချင်းပြည် နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က     “တိုင်းရင်းသားအရေးအတွက်ကတော့ ဖက် ဒရယ်ကို ဦးတည်တယ်။ ကျွန်မတို့ပါတီရဲ့ အဓိက ဦးတည်ချက်ကတော့ လွှတ်တော်ထဲ ဝင်လာတာ ဖက်ဒရယ်အတွက်ပေါ့။ တန်းတူ ညီမျှတဲ့ အခွင့်အရေးရဖို့ပေါ့။ အဲဒီအတွက်လိုအပ်တဲ့အချက်အလက်တွေကို ပြုပြင်ဖို့ ကို ရည်ညွှန်းပြီးတော့ လက်မှတ်ထိုးပြီးတော့ ပူးပေါင်းပါဝင်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ ပြင်ဆင်ထားတာကတော့ အထဲမှာပါပြီးသား ပါ။ ဒါတွေကတော့ ဆွေးနွေးတဲ့အချိန်ကျ တော့ သိရမယ့်ဟာတွေပါပဲ” ဟု ပြောကြား သည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မ တီ၏လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားပြီဖြစ်သည့် အတွက် လွှတ်တော်နာယကအနေဖြင့် ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းကော်မတီဝင်များ ပါဝင်သည့်  ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော် မတီအား ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒေါက်တာမြတ်Óဏစိုးက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆုံးဖြတ်ဆောင်ရွက် ချက်များအပေါ် ပြန်လည်စိစစ်ပေးနိုင်ပါရန် နှင့် ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက် များအပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကထံ တပ်မတော်သားကိုယ် စားလှယ်တစ်ဦးက  စာပေးပို့ထားသည်။

ပူးပေါင်းကော်မတီစတင်ဖွဲ့စည်းစဉ်က ပြည်ထောင်စုလွှတ်တော်အတွင်းရှိ ပါတီအစု အဖွဲ့အလိုက် အင်အားခွဲဝေမှုအရ ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် မအူ ပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊  ရခိုင်အမျိုးသား ပါတီဝင် ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင် ကျော်ဇံနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမြင့်နိုင်၊ ပြည်ခိုင်ဖြိုးပါတီဝင် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဆီဟူးဒွေ့တို့ သည် ကော်မတီမှ နုတ်ထွက်ခဲ့သည်။

ထို့အတူ ပူးပေါင်းကော်မတီဝင် ဒူးလေး ပါတီမှ ဦးလာမာလေးသည်လည်း ဒူးလေးပါ တီဝင်အဖြစ်မှနုတ်ထွက်ထားသောကြောင့်  ပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက် ရောက်ခြင်းမရှိသဖြင့် ပူးပေါင်းကော်မတီဝင် ၃၉ ဦးသာ ရှိနေသည်။

အဆိုပါဥပဒေမူကြမ်းနှစ်ခုအား လွှတ် တော်နာယကထံတင်သွင်းရန် လက်မှတ်ရေး ထိုးရာတွင် ၄၅ ဦးပူးပေါင်းကော်မတီထဲမှ ပါတီ အားလုံးပါဝင်ရမည်ဟု ဥပဒေပြဋ္ဌာန်းချက်တွင်မပါဝင်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

 

 

Most Read

Most Recent