SNLD ပါတီက ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်

SNLD ပါတီက ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်
ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့သော SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအား တွေ့ရစဉ် (Photo: Sai Tun Aye Facebook)
ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့သော SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအား တွေ့ရစဉ် (Photo: Sai Tun Aye Facebook)
Published 24 January 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည် နယ်နှင့် မန္တလေးတိုင်းတို့တွင် ဝင်ရောက်ယှဉ် ပြိုင်ရန် ရည်မှန်းထားကြောင်း ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

ရှမ်းပြည်နယ် မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ရှိ ရှမ်းလူ မျိုးများ နေထိုင်ရာမြို့နယ်အချို့တွင်လည်းရွေးကောက်ပွဲယှဉ်ပြိုင်မည်ဟု ၎င်းင်းက ဆို သည်။

“ဒါတွေက ရွေးကောက်ပွဲဝင်မယ့်နေ ရာတွေလို့ အကြမ်းဖျင်းပြောလို့ရပါတယ်” ဟုဦးစိုင်းလိတ်က ပြောကြားသည်။

ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်က တောင် ကြီးမြို့၌ ပါတီဗဟိုအလုပ်အမှုဆောင်အစည်း အဝေး ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တက်ရောက်ခြင်းမရှိဘဲ ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်အပါအဝင် ပါတီဗဟိုအလုပ် အမှုဆောင်များ တက်ရောက်သည်ကို တွေ့ရှိရသည်။

အစည်းအဝေးတွင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊   ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင် ပါတီ၏ ဆောင်ရွက် ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

ရွေးကောက်ပွဲယှဉ်ပြိုင်မည့် မဲဆန္ဒနယ် များသတ်မှတ်ပြီးနောက် ရွေးကောက်ပွဲမဟာ ဗျူဟာရေးဆွဲရေး၊ လွှတ်တော်ကိုယ်စားလှယ် လောင်းရွေးချယ်ရေးလုပ်ငန်းစဉ်များ ဆက် လက်ဆောင်ရွက်လျက်ရှိသည်ဟု ဦးစိုင်း လိတ်က ပြောကြားသည်။

SNLD ပါတီအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိရွေးကောက်ပွဲကျင်းပသည့် မြို့ နယ်တိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး တိုက်ပွဲဖြစ်ပွားသည် ရှမ်းပြည်မြောက် ပိုင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်မည်ကိုစိုးရိမ်သည်ဟု ၎င်းင်းက ဆို သည်။

“ကွတ်ခိုင်လိုဟာမျိုး၊ ပလောင်ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသလိုပေါ့နော်။ နမ့်ဆန် တို့၊ မန်တုံတို့၊ နမ္မတူတစ်ခြမ်းပေါ့။ အဲဒီလို တိုက်ပွဲဖြစ်တဲ့ နေရာတွေကတော့ သေချာ ပါ့မလားဆိုတာ ကျွန်တော်တို့လည်း စိုးရိမ် တာပေါ့နော်” ဟုဦးစိုင်းလိတ်က ပြောကြား သည်။

မန္တလေးတိုင်းတွင် ရှမ်းတိုင်းရင်းသား ရေးရာလူမျိုး မဲဆန္ဒနယ်နှင့် ပြင်ဦးလွင်၊ မိုး ကုတ် စသည့် ရှမ်းလူမျိုးများနေထိုင်ရာမြို့ နယ်များတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ် ပြီး ကယားပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း ဝင်ရောက်ယှဉ် ပြိုင်မည်ဟု သိရသည်။

SNLD ပါတီသည် စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးမဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်ရာကယားပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာ၌ UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ဦးစိုင်းလိတ်ကဆိုသည်။

ကျားခေါင်းပါတီဟုလူသိများသည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေး ကောက်ပွဲတွင် NLD ပါတီပြီးနောက် ဒုတိ ယအများဆုံး အနိုင်ရပါတီဖြစ်သည်။

 

 

Most Read

Most Recent