ရှမ်းယူနိုက်တက်ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ခြောက်လအကြာတွင် ပုံမှန်လေ့ကျင့်မှု ပြုလုပ်နိုင်မည်

ရှမ်းယူနိုက်တက်ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ခြောက်လအကြာတွင် ပုံမှန်လေ့ကျင့်မှု ပြုလုပ်နိုင်မည်
Photo: MFF
Photo: MFF
Published 19 January 2020

ဘုန်းသစ္စာမင်း၏ဒဏ်ရာကို သွန်ဘူရီ ဆေးရုံ၌ ခွဲစိတ်ကုသခြင်းဖြစ်ပြီး ဘန်ကောက်မြို့တွင် နှစ်ပတ်ကြာနေထိုင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ ဘုန်းသစ္စာမင်းသည် နှစ်လအကြာတွင် အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ခြောက်လအကြာတွင် ပုံမှန်လေ့ကျင့်မှု ပြုလုပ်နိုင်မည်ဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ ယူ -၂၂ အသင်း ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာကို ဇန်နဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ခွဲစိတ်ကုသရာ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း သိရသည်။

ဘုန်းသစ္စာမင်း၏ဒဏ်ရာကို သွန်ဘူရီ ဆေးရုံ၌ ခွဲစိတ်ကုသခြင်းဖြစ်ပြီး ဘန်ကောက်မြို့တွင် နှစ်ပတ်ကြာနေထိုင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ ဘုန်းသစ္စာမင်းသည် နှစ်လအကြာတွင် အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ခြောက်လအကြာတွင် ပုံမှန်လေ့ကျင့်မှု ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘုန်းသစ္စာမင်း အနေဖြင့် ယခုရာသီတစ်ခုလုံး ရှမ်းယူနိုက်တက်အသင်း၌ ပါဝင်ကစားနိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။

ဘုန်းသစ္စာမင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အောက်တိုဘာတွင် ပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်၌ ဒူးအရွတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။ ၎င်း၏ဒဏ်ရာကို နိုဝင်ဘာကတည်းက ခွဲစိတ်ကုသရန် စီစဉ်ခဲ့သော်လည်း ဇန်နဝါရီ ၁၇ ရက်မှသာ ခွဲစိတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနှင့်အတူရရှိခဲ့သည့် ဒဏ်ရာဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘုန်းသစ္စာမင်း၏ဒဏ်ရာကို အကုန်အကျခံ၍ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် MFF သည် မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင်ကစားပြီး ဒဏ်ရာပြင်းထန်စွာရခဲ့သည့် ကျော်မင်းဦး၊ ငြိမ်းချမ်းအောင် စသည့်ကစားသမားများ၏ ဒဏ်ရာကိုလည်း ဘန်ကောက်မြို့၌ ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့သည်။

ဆီးဂိမ်းစ် ပြိုင်ပွဲမတိုင်မီ ကာတာလေ့ကျင့်ရေးခရီးစဉ်၌ ဝဲဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့် နောက်ခံလူ ကျော်သူထွန်း၏ ဒဏ်ရာကိုလည်း ခွဲစိတ်ကုသမှုပြုလုပ်မည်ဖြစ်သည်။ ကျော်သူထွန်း၏ ဒဏ်ရာအခြေအနေမှာ လည်း ပြင်းထန်သောကြောင့် MFF  အနေဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ပေးခြင်းဖြစ်သည်။ ကျော်သူ ထွန်းသည် မြန်မာ ယူ-၂၂ အသင်း၏ အမာခံ ကစားသမားတစ်ဦးဖြစ်သော်လည်း ယင်းဒဏ်ရာကြောင့် ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲကို လွဲချော်ခဲ့ရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်းသည် ဒဏ်ရာပြဿနာကြောင့် အမာခံကစားသမားအချို့ကို ဆုံးရှုံးခဲ့ရပြီး နည်းပြချုပ် ပိုပေါ့ဗ်၏လူစာရင်းတွင် ပုံမှန် ပါဝင်နေသည့် ကစားသမားများအနက် ဘုန်း သစ္စာမင်း၊ ကျော်သူထွန်းနှင့် နန်းထိုက်ဇော် တို့မှာ ဒဏ်ရာပြဿနာများကြောင့် လွဲချော်ခဲ့ရသည်။

 

Most Read

Most Recent