ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 January 2020

ဘန်လေ - လက်စတာ (တနင်္ဂနွေည ၈:၃၀ နာရီ)

လက်စတာက ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းအနည်းငယ်ကျဆင်းလာပြီး နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲရှုံးခဲ့တယ်။ ဝက်စ်ဟမ်း၊  နယူးကာဆယ်တို့နဲ့ပွဲတွေမှာ လူစုံမထုတ်ဘဲ အနိုင်ရခဲ့ပေမယ့် ဗီလာနဲ့ သရေကျခဲ့တဲ့ လိဂ်ဖလားပွဲ၊ ဆောက်သမ်တန်ကို  ရှုံးခဲ့တဲ့ပွဲတွေမှာ လူစုံထုတ်ပြီး ရလဒ်မကောင်းခဲ့ဘူး။ ဘန်လေကလည်း နောက်ဆုံး(၄)ပွဲဆက်ရှုံးပြီး ရုန်းကန်နေရတယ်။ ဒီပွဲတော့ လက်စတာ နိုင်ပွဲပြန်စရသင့်တယ်။

လီဗာပူးလ် - မန်ယူ (တနင်္ဂနွေည ၁၁:၀၀ နာရီ)

ဆိုးလ်ရှားက အသင်းကြီးတစ်သင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို (ဝ-၂)နဲ့ ရှုံးခဲ့တယ်။ ဒါပေမဲ့ ဒီပွဲမတိုင်ခင်အထိ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုရလဒ်က မဆိုးဘူးလို့ ပြောနိုင်တယ်။ ဒီရာသီမှာ ချယ်လ်ဆီး၊ စပါးတို့ကို အနိုင်ရခဲ့ဖူးသလို၊ မန်စီးတီးကိုလည်း လိဂ်ပွဲမှာအဝေးကွင်းနိုင်ပွဲရခဲ့တာ တွေ့ရတယ်။ မန်စီးတီးနဲ့ပွဲမှာ အံ့ဩစရာကောင်းတာက မာကျောတဲ့အသင်းတွေနဲ့ ပွဲတွေမှာ ကိုယ်စွမ်းကိုယ်စ အလွယ်တကူပျောက်ဆုံးသွားတတ်တဲ့အသင်းက အီတီဟတ်မှာ အနိုင်ရခဲ့ခြင်းဖြစ်တယ်။ လီဗာပူးလ်ကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ အငြင်းပွားဖွယ်မရှိ အကောင်းဆုံးအသင်းဖြစ်တယ်။ ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း အပြစ်ပြောစရာမရှိသလို စိတ်ဓာတ်ပိုင်းပိုမာကျောလာတယ်။ ယုံကြည်မှု ပိုမြင့်မားလာတာကိုတွေ့ရတယ်။ ခံစစ်ပိုင်းက အကောင်းဆုံးပုံစံကိုရနေပြီး (၆)ပွဲဆက် Clean Sheet  ယူထားတယ်။ ပထမအကျော့သရေပွဲက ဒီရာသီမှာ လီ ဗာပူးလ်ရဲ့တစ်ပွဲတည်းသော အမှတ်လျော့တဲ့ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီပွဲတော့ လီဗာပူးလ်နိုင်မှာပါ။ (၂-ဝ)လောက်ဖြစ်မယ်။ 

 

Most Read

Most Recent