Add-ons(အပိုဆောင်းကြေး)တွင် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှပေးချေမည့် မန်ယူအသင်း၏ကမ်းလှမ်းမှုကြောင့် ဘရူနိုဖာနန်ဒက်စ်အပြောင်းအရွှေ့မှာ အပြီးသတ်ရန်ကြန့်ကြာနေ

Add-ons(အပိုဆောင်းကြေး)တွင် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှပေးချေမည့် မန်ယူအသင်း၏ကမ်းလှမ်းမှုကြောင့် ဘရူနိုဖာနန်ဒက်စ်အပြောင်းအရွှေ့မှာ အပြီးသတ်ရန်ကြန့်ကြာနေ
Published 18 January 2020

 

မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန်ကြိုးပမ်းရာ၌ ကနဦးပြောင်းရွှေ့ကြေးအပြင် Add-ons(အပိုဆောင်းကြေး)ပေးမည့်အချက်တွင် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဖြစ်မှုအပေါ် မူတည်ပြီး ပေးချက်မည့်အချက်များပါဝင်နေသောကြောင့် အပြောင်းအရွှေ့မှာ အပြီးသတ်ရန် ကြန့်ကြာနေကြောင်း သိရသည်။

The Sun ဖော်ပြသည့်သတင်းတွင် မန်ယူအသင်းသည် ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းငွေပမာဏမှာ စပို့တင်းလစ္စဘွန်းအသင်းအနေဖြင့် လက်ခံနိုင်ဖွယ်ရှိသော်လည်း Add-ons ကြေးတွင် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဗိုလ်စွဲမှဟူသော ဖြစ်နိုင်ခြေနည်းပါးလှသည့်အချက်များ ပါဝင်နေသဖြင့် ညှိနှိုင်းမရဖြစ်နေသည်ဟု ရေးသားခဲ့သည်။

ထို့ပြင် ယင်း Add-ons ကြေးတွင် ဖာနန်ဒက်စ် Ballon d'Or ဆုရရှိမှပေးချေမည့်အချက်လည်း ပါဝင်နေလျက်ရှိသည်။

ဖာနန်ဒက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေးကို ပေါင်(၃၄)သန်းသာ မန်ယူအသင်းက ပေးချေလိုပြီး Add-ons ကြေးပမာဏမှာ ပေါင်(၂၅.၅)သန်းအထိရှိနေသည်။

စပို့တင်းလစ္စဘွန်းအနေဖြင့် ကနဦးပြောင်းရွှေ့ကြေးကိုလည်း ယင်းငွေပမာဏထက် ပိုမိုအလိုရှိနေကြောင်း သိရသည်။

မန်ယူအသင်းသည် ကာယကံရှင်ကစားသမားဖြစ်သူ ဖာနန်ဒက်စ်နှင့်မူ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီး တစ်ပတ် ပေါင်(၁၃၀,၀၀၀)ဝန်းကျင် ပေးချေရဖွယ်ရှိသည်။

 

Most Read

Most Recent