JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၂ တွင် ဂျပန်ယန်းသန်း ၁၀၅၀၀ (ကျပ် ၁၄၃၁၂၅ သန်း) ကို MEB၊ KBZ နှင့် SMEDB အပါအဝင် ပြည်တွင်းရှိ ဘဏ် ၁၁ ခုမှတစ်ဆင့် ချေးငွေများ လျှောက်ထားရယူနိုင်ကြောင်း ထုတ်ပြန်

JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၂ တွင် ဂျပန်ယန်းသန်း ၁၀၅၀၀ (ကျပ် ၁၄၃၁၂၅ သန်း) ကို MEB၊ KBZ နှင့် SMEDB အပါအဝင် ပြည်တွင်းရှိ ဘဏ် ၁၁ ခုမှတစ်ဆင့် ချေးငွေများ လျှောက်ထားရယူနိုင်ကြောင်း ထုတ်ပြန်
Published 4 January 2020

JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၂ တွင် ဂျပန်ယန်းသန်း ၁၀၅၀၀ (ကျပ် ၁၄၃၁၂၅ သန်း) ကို မြန်မာ့စီးပွားရေးဘဏ် (MEB) ၊ ကမ္ဘောဇဘဏ် (KBZ) နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMEDB) အပါအဝင်  ပြည်တွင်းရှိ ဘဏ် ၁၁ ခုမှတစ်ဆင့် ချေးငွေများ လျှောက်ထားရယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်လိုက်သည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၂ တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များမှာ မြန်မာ နိုင်ငံသားများဘဏ် (MCB) ၊ ကမ္ဘောဇဘဏ် (KBZ) ၊ မြန်မာ့စီးပွားရေးဘဏ်(MEB) ၊ သမဝါယမဘဏ် (CB) ၊ ဧရာဝတီဘဏ် (AYA) ၊ ပထမပုဂ္ဂလိကဘဏ် (FPB) ၊ ယူနိုက်တက်အမရဘဏ် (UAB) ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB) ၊ မြန်မာအရှေ့တိုင်းဘဏ် (MOB) ၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် နေပြည်တော်စည်ပင်ဘဏ် (NSB) တို့ဖြစ်သည်။

အဆိုပါနှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၂ တွင်  ဂျပန်ယန်းသန်း ၁၀၅၀၀  ( ကျပ် ၁၄၃၁၂၅ သန်း) အား ရယူထားပြီး အဆိုပါဘဏ် ၁၁ ခု မှတစ်ဆင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် ၄၈၉ ဦးသို့ ကျပ် ၈၃၂၅၈ သန်းအား ထုတ်ချေးထားပြီးဖြစ်သည်။

JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် -၁ တွင် ပြည်တွင်းရှိ ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် ကျပ် ၅၇၆၃၄ ဒသမ ၄၃ သန်းအား MSMEs လုပ်ငန်းရှင် ၂၆၉ ဦးသို့ ချေးငွေများ ထုတ်ချေးခဲ့ပြီဖြစ်သည်။

အဆိုပါထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များကို လှည့်ပတ်ရန် ပုံငွေစာရင်းတွင်ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် ၁၁၄ ဦးသို့ ကျပ် ၂၂၆၂၄ ဒသမ ၀၅ သန်းအား ထုတ်ချေးခဲ့ပြီး လှည့်ပတ်ရန်ပုံငွေစာရင်းရှိ လက်ကျန်ငွေများကို အဆိုပါဘဏ်ခြောက်ဘဏ်မှတစ်ဆင့် အရင်းအနှီးလိုအပ်သော MSME လုပ်ငန်းရှင်များသို့ ဆက်လက် ထုတ်ချေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ပါဝင်မှုသည် ၉၉ ရာခိုင်နှုန်းခန့်ရှိပြီး MSME များ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ရလာနိုင်ခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်သည် MSME လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူ၍ JICA (IDA) SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် စီမံကိန်းစီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။

 

Most Read

Most Recent