ဟာရီကိန်း၏ ဒဏ်ရာအတွက် စိုးရိမ်သည်ဟု မော်ရင်ဟို ဝန်ခံ

ဟာရီကိန်း၏ ဒဏ်ရာအတွက် စိုးရိမ်သည်ဟု မော်ရင်ဟို ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 3 January 2020

စပါးနည်းပြ မော်ရင်ဟိုသည် ဆောက်သမ်တန်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ဟာရီကိန်း၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ 

စပါးနည်းပြ မော်ရင်ဟိုသည် ဆောက်သမ်တန်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ဟာရီကိန်း၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ 

ဂိုးသမား လိုရစ် ဒဏ်ရာကြောင့် အနားယူနေရချိန်တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသော ဟာရီကိန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်က ကစားခဲ့သည့် ဆောက်သမ်တန် (၁-၀) စပါးပွဲတွင် ဘယ်ဘက်တံကောက်ကြော၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

မော်ရင်ဟိုက "ဒါက အနုတ်လက္ခဏာပါပဲ။ တံကောက်ကြောဒဏ်ရာဆိုတာ အမြဲအနုတ်လက္ခဏာဆောင်ပါတယ်။  စုတ်ပြဲသွားတာလား၊ ဘာဖြစ်သွားတာလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ မပြောနိုင်သေးပါဘူး"ဟု ဆိုခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းသည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၁၇)ဂိုးအထိ သွင်းယူပေးထားသည်။ 

ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရသည့် စပါးအသင်းအတွက် ဟာရီကိန်း ဒဏ်ရာရရှိခြင်းမှာ ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

Most Read

Most Recent