မိတ္ထီလာ အတက်လမ်းမှ ကလောအထိ တောင်တက်လမ်းပိုင်း ဖောက်လုပ်ရာတွင် တံတားအစင်းပေါင်း ၁၉၀ ကျော် တည်ဆောက်ခဲ့ပြီး ပွင့်လင်းရာသီအတွင်း အမြန်ဆုံးပြီးစီးအောင် စက်ယန္တရား၊ လူအင်အားတို့ဖြင့် တိုးချဲ့ဆောင်ရွက်နေကြောင်း သိရ

မိတ္ထီလာ အတက်လမ်းမှ ကလောအထိ တောင်တက်လမ်းပိုင်း ဖောက်လုပ်ရာတွင် တံတားအစင်းပေါင်း ၁၉၀ ကျော် တည်ဆောက်ခဲ့ပြီး ပွင့်လင်းရာသီအတွင်း အမြန်ဆုံးပြီးစီးအောင် စက်ယန္တရား၊ လူအင်အားတို့ဖြင့် တိုးချဲ့ဆောင်ရွက်နေကြောင်း သိရ
မိတ္ထီလာ- ကလော - တောင်ကြီးလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
မိတ္ထီလာ- ကလော - တောင်ကြီးလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
Published 3 January 2020
စည်သာ (တောင်ကြီး)

မိတ္ထီလာအတက်လမ်းမှ ကလောအထိ တောင်တက်လမ်းပိုင်း ဖောက်လုပ်ရာတံတား အစင်းပေါင်း ၂၀၀ အနက် အစင်းပေါင်း ၁၉၀ ကျော်တည်ဆောက်ခဲ့ပြီး ပွင့်လင်းရာသီအတွင်း အမြန်ဆုံးပြီးစီးအောင် စက်ယန္တရား၊လူ အင်အားတို့ဖြင့် တိုးချဲ့ဆောင်ရွက်နေကြောင်း Robust Goal Group of Companies (High Land Road Construction Co.Ltd) မှ တည်ဆောက်ရေးဒါရိုက်တာက ပြောကြားသည်။

မိတ္ထီလာ-ကလော-တောင်ကြီး AC နိုင်လွန်ကတ္တရာလမ်းခင်းခြင်းကို  တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ BOT စနစ်ဖြင့် နှစ် ၄၀ လုပ်ပိုင်ခွင့်ရရှိကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကလောမှ တောင်ကြီးအထိ နိုင်ငံတကာအဆင့်မီ အာ ဆီယံပြည်ထောင်စုလမ်းမကြီး ၄၈ ပေ အကျယ် လေးလမ်းသွား AC နိုင်လွန်ကတ္တရာကွန်ကရစ် လမ်းဖွင့်ပွဲကို မေ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါလမ်းပိုင်းသည် မိတ္ထီလာ-တောင် ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းဟု ခေါ်ပြီး မိုင်ပေါင်း ၅၀၀ ရှည်လျားကာ လမ်းမကြီးတစ် လျှောက်တွင် မိတ္ထီလာ၊ ကလော၊ တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်၊ နမ့်စန်၊ တာကော်၊ ကျိုင်းတုံ နှင့် တာချီလိတ်တို့ကို ဖြတ်သန်းသွားကြောင်း လမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါ မိတ္ထီလာ -တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်း၏ ကလော- တောင်ကြီးလမ်းပိုင်း ၄၅ မိုင်လုပ် ငန်းပြီးစီးခဲ့ပြီး နမ့်ပန်တက်မှ ကလောအတက် လမ်းတွင် လမ်းမိုင် ၁၇ မိုင် ကျန်ရှိနေခြင်းဖြစ်ကာ အချိန်မီပြီးစီးနိုင်ရန် စက်ယန္တရား၊လူအင် အားတို့ဖြင့် တိုးချဲ့ဆောင်ရွက်နေကြောင်းတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို နမ့်ပန်တက် - ကလောအတက်လမ်း သည် လမ်းမိုင် ၁၇ မိုင်ရှည်ကာကျောက်တောင် မြေတောင်များ ပေါများခြင်း၊ လမ်းအကွေ့အ ကောက်များပြားခြင်း၊ တောင်တက်တောင်ဆင်းမတ်စောက်ခြင်းတို့ကြောင့် လမ်းတည် ဆောက်ရေးကာလကို အချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်လျက်ရှိပြီးအကွေ့အ ကောက် မတ်စောက်သောနေရာများကို ဖြတ်တောက်ခြင်း၊ အရည်အသွေးပြည့်မီစေရန် ဆောင်ရွက်နေရသဖြင့် မျှော်မှန်းကာလထက် အချိန်ကြာမြင့်ခဲ့ရခြင်းဖြစ်ပြီး ပွင့်လင်းရာသီအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင် ရွက်နေကြောင်း Robust Goal Group of Companies (High Land Road Construction Co.Ltd) မှ တည်ဆောက်ရေးဒါရိုက်တာ ဦးထွန်းထွန်းလင်းက ပြောကြားသည်။

အဆိုပါ နမ့်ပန်တက်- ကလောအတက် လမ်းသည် လမ်းမိုင် ၁၇ မိုင်တွင်တံတားအစင်း ပေါင်း ၂၀၀ ကျော်ရှိပြီး လက်ရှိ တံတားအစင်း ပေါင်း ၁၉၀ ကျော် တည်ဆောက်ပြီးဖြစ်ကာ တည်ဆောက်ရန် တံတားခြောက်စင်းခန့်သာ ကျန်ရှိတော့ပြီး အကြီးဆုံးဖြစ်သော မကွေကျေး ရွာအနီး ပေ ၄၀ ရှိ တံတားတစ်စင်းသာ ကျန် တော့ပြီး ကျန်တံတားများမှာ Box Culvert ခြောက်ပေ၊ ရှစ်ပေခန့်ရှိသော ရေကျော်များသာ ကျန်ရှိတော့ ခြင်း ဖြစ်ကြောင်း သိရသည်။ ထို AC နိုင်လွန်ကတ္တရာလမ်းမကြီးသည် ကုန် ကျစရိတ်လမ်းမိုင်တစ်မိုင်လျှင် ကျပ်သိန်း ၁၇၀၀၀ ကျော်ရှိပြီး အကွေ့အကောက်များသော တောင်တက်လမ်းပိုင်းများတွင် ကျပ် သိန်း၂၀၀၀၀ ကျော်ကုန်ကြောင်း သိရသည်။

“ဒီ မိတ္ထီလာ- ကလော အတက်လမ်းမှာ တည်ဆောက်ရေးက နမ့်ပန်တက်- ကလော ပိုင်းပဲ ကျန်ပါတော့တယ်။ ဒီ ၄၈ ပေ အကျယ် တိုးချဲ့မယ့်အပိုင်းကတော့ မိုင်တိုင် ၂၇- ၁၁၆ အထိ ၈၄ မိုင် ၅ ဖာလုံတည်ဆောက်ရမှာ ဖြစ် ပါတယ်။ ကျန်တဲ့ဘုရားငါးဆူမိုင်တိုင် ၂၇ က နေ မိုင်တိုင် ၅၃/၄ အထိကိုတော့ ၄၈ ပေ ချဲ့ တဲ့လုပ်ငန်း တည်ဆောက်ရေးကာလလည်း ပြီးသွားပါပြီ။ မိုင်တိုင် ၇၂  ကလောအဝင်က နေ တောင်ကြီးကျားခေါင်းခန်းမအထိ ၁၁၆ အထိ ၄၈ ပေ အကျယ်၊ နိုင်လွန်ကတ္တရာလမ်း သစ်ကို ခင်းလည်းခင်းပြီးပါပြီ။ ဖွင့်ပွဲလည်း လုပ်ထား ပြီးပါပြီ။ ကျန်တာဆိုရင် နမ့်ပန် တက်ကနေ ကလောအထိ ၁၇ မိုင် ကျန်တာ၊ ဒီပွင့်လင်းရာသီမှာ အမြန်ဆုံးပြီးအောင် တည်ဆောက်နေပါတယ်။ ဒီလမ်းပိုင်းမှာ ကျောက် တောင် မြေတောင်တွေ အကွေ့အကောက်တွေ လည်း အရမ်းများတဲ့အတွက် တည်ဆောက် ရေးကာလကိုတော့ တော်တော်မြန်မြန်ကို အချိန်နဲ့တစ်ပြေးညီ ပြီးအောင်လုပ်နေပါ တယ်။ နဂိုလမ်းဟောင်းမှာရှိနေတဲ့ အကွေ့အ ကောက်ကြီးနေတာတွေ၊ အကွေ့အကောက် ဖြတ်တာတွေ၊ ဖြတ်ချတာတွေမှန်အောင်လုပ် တာဖြစ်တဲ့အတွက် မျှော်မှန်းထားတဲ့ ပမာဏ ထက် ပိုပြီးတော့များသွားပါတယ်။ ဒါကိုလည်း လိုအပ်တဲ့စက်ယန္တရားတွေ တိုးတာတို့ အလုပ် အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ကြိုးစားလုပ်ဆောင်နေ ပါတယ်။ တံတားကတော့ အစင်း ၂၀၀ ကျော် ရှိပါတယ်။ ပြီးတာတော့ ၁၉၀ လောက်ပြီးပြီ။ ကျန်တာတော့ ခြောက်စင်းကျော်လောက်ပဲ ကျန်တယ်။ ဒါကိုလည်း မိုးတွင်းကာလပြီးသွား ပြီဖြစ်တဲ့အတွက် တည်ဆောက်နေပါတယ်။ အကြီးစားတံတားဆိုလို့ မကွေ ပေ ၄၀ တံတား တစ်စင်းပဲကျန်ပါတယ်။ ကျန်တာတော့ ခြောက် ပေ၊ ရှစ်ပေရှိတဲ့ ရေကျော် တံတားအသေးလေး ပါဗျ” ဟု တည်ဆောက်ရေးဒါရိုက်တာ ဦးထွန်းထွန်းလင်းက ဆိုသည်။

ကလော-တောင်ကြီး နိုင်ငံတကာအဆင့်မီ အာဆီယံပြည်ထောင်စုလမ်းမကြီး၄၈ ပေ အကျယ်၊ လေးလမ်းသွား AC နိုင်လွန်ကတ္တ ရာကွန်ကရစ်လမ်းပြီးစီးခဲ့ပြီးနောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း လုပ် ဆောင်နေကြောင်း သိရသည်။ ပြီးစီးခဲ့သော လမ်းပိုင်းတွင် လိုအပ်နေသော လမ်းပြသင်္ကေ တအမှတ်အသားများ၊ သစ်ပင်များစိုက်ပျိုးခြင်းနှင့် လိုအပ်ချက်ရှိနေသောနေရာများ ပြင်ဆင်ခြင်းများ၊ လမ်းအကျယ်ဆိုင်းဘုတ် များ၊ ကျေးရွာဆိုင်းဘုတ်များကိုလည်း စိုက်ထူ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလမ်းမကြီးသည် လေးလမ်းသွား ၄၈ ပေအကျယ်ရှိလာပြီ ဖြစ် သဖြင့် အဆိုပါလမ်းပိုင်းနှင့် အသားမကျသေး သော ပြည်သူများသည် ယာဉ်မောင်းနှင်ရာ တွင် အရှိန်ပြင်းခြင်းကြောင့် လည်းကောင်း၊ ဒေသခံများကလည်း အဆင့်မြှင့်လမ်းမကြီး ပေါ်တွင် သွားလာခြင်း အသားမကျသေးသဖြင့် လည်းကောင်း ယာဉ်တိုက်မှုများစွာဖြစ်ပေါ် နေရခြင်းကို သက်ဆိုင်ရာတို့က အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လည်း ကောင်း၊ ယာဉ်မောင်းသူများ၊ လမ်းအသုံးပြု သူများအနေဖြင့် စည်းကမ်းစနစ်တကျ ယာဉ် စည်းကမ်းလမ်းစည်းကမ်း လိုက်နာကြမည်ဆို လျှင် ယာဉ်အန္တရာယ်များ ကင်းရှင်းသွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်းလင်းက ပြောကြားသည်။      

 

 

 

Most Read

Most Recent