အာဆင်နယ်အသင်းနောက်ခံလူ ချိန်ဘာစ်သည် ဒူးဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
အာဆင်နယ်အသင်းနောက်ခံလူ ချိန်ဘာစ်သည် ဒူးဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ချိန်ဘာစ်သည် ဒီဇင်ဘာ (၂၉)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၁-၂) ချယ်လ်ဆီးပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၂၃)မိနစ်မှာပင် မူစတာဖီနှင့် လူစားလဲခဲ့ရသည်။
အာဆင်နယ်အသင်းသည် ချိန်ဘာစ်၏ ဒဏ်ရာကို ဆေးစစ်ဆေးမှုများပြုလုပ်နေပြီး ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွားနေကာ ဒူးအရွတ်ကို ထိခိုက်သွားဖွယ်ရှိကြောင်း သိရသည်။
ဒါကြောင့် ချိန်ဘာစ်သည် ယခုရာသီကုန်အထိ ပြန်ကစားနိုင်ဖွယ်မရှိတော့ဘဲ ယင်းမှာ ရလဒ်များဆိုးရွားနေသည့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ ချိန်ဘာစ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။
အာဆင်နယ်အသင်းသည် ချိန်ဘာစ် ဒဏ်ရာရရှိသွားခြင်းကြောင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် နောက်ခံကစားသမားသစ် ခေါ်ယူရန် စီစဉ်နေကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။