ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒမရှိခဲ့ကြောင်း ကစားသမား၏နာမည်ကြီး အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အတိအလင်းပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒမရှိခဲ့ကြောင်း ကစားသမား၏နာမည်ကြီး အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အတိအလင်းပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားနှင့် မိုလ်ဒီအသင်း၌ လက်တွဲခဲ့ဖူးသည့် ဟာလန်းတို့အကြား ရင်းနှီးမှုများကြောင့် ထိပ်ဆုံးမှ ရေပန်းစားသည့်အပြင် ဥရောပထိပ်တန်းကလပ်အသင်းများမှ ပစ်မှတ်ထားခဲ့သော်လည်း ကစားသမားဖြစ်သူက ဒေါ့မွန်အသင်းကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။
"ကစားသမားနဲ့ အများဆုံးတိုက်ရိုက်ဆက်သွယ်တဲ့အသင်းဟာ မန်ယူအသင်းပါပဲ။ သူတို့က ဟာလန်းနဲ့အများဆုံးစကားပြောခဲ့ရတယ်။ လူတိုင်းကတော့ ပုဂ္ဂိုလ်ရေးအရ သူနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ သူနဲ့ အိုလေ(ဆိုးလ်ရှား)အကြား ခင်မင်မှုကြောင့် အခွင့်အရေးပိုခဲ့တာပါ။ ဒီအချိန်မှာ ထိပ်သီးအသင်းတွေထံ သွားဖို့ အချိန်မရောက်သေးဘူးလို့ သူ တွေးခဲ့ပါတယ်။ မန်ယူ ဒါမှမဟုတ် အိုလေမှ မဟုတ်ပါဘူး။ သူဟာ မန်ယူအသင်းနဲ့ တခြားအသင်းတွေကို ကျော်လွန်ပြီး ဒေါ့မွန်အသင်း ကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတာ သူကစားလိုတဲ့အသင်းဆီ ပြောင်းရွှေ့တာပါ။ ဒါဟာ သူ့အတွက် အကောင်းဆုံးပါပဲ။ သူ့အနေနဲ့ မန်ယူအသင်းထံ သွားချင်ရင် ကျွန်တော်က လုပ်ဆောင်ပေးရမှာပါ။ ဒါပေမဲ့ သူမလုပ်ခဲ့ပါဘူး။ ခင်ဗျားသာ (၁၉)နှစ်အရွယ်ကစားသမားတစ်ယောက်ဆို ပရီးမီးယားလိဂ်ကို သွားမှာမဟုတ်ပါဘူး။ မန်ယူအသင်းရဲ့ကမ်းလှမ်းမှုက အရမ်းကောင်းပါတယ်။ ဒီအခြေအနေက စီးပွားတွက် တွက်နေရမှာမဟုတ်ပါဘူး။ ကစားသမားဘဝ လက်ရှိအဆင့်မှာ သူကိုယ်တိုင်က ဒေါ့မွန်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်"ဟု ရိုင်အိုလာက Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။
ထို့ပြင် ရိုင်အိုလာက ပေါ့ဘာ၏အနာဂတ်နှင့်ပတ်သက်ပြီး ဇန်နဝါရီလအတွင်း အသင်းပြောင်းရွှေ့မည်မဟုတ်သော်လည်း ကစားသမားအတွက် ဆုဖလားများကိုစိန်ခေါ်ရန်လိုအပ်သည်ဟု မှတ်ချက်ပြုခဲ့သည်။