ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား လေကြောင်းကဏ္ဍနှင့် ဆိပ်ကမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လက်မှတ်ရေးထိုး

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား လေကြောင်းကဏ္ဍနှင့် ဆိပ်ကမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လက်မှတ်ရေးထိုး
လေကြောင်းကဏ္ဍပူးပေါင်းဆောင်ရွက်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ MoU အား လက်မှတ်ရေးထိုးလဲလှယ်စဉ်
လေကြောင်းကဏ္ဍပူးပေါင်းဆောင်ရွက်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ MoU အား လက်မှတ်ရေးထိုးလဲလှယ်စဉ်
Published 30 December 2019

 

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ- ဂျပန်နှစ်နိုင်ငံအကြား လေကြောင်းကဏ္ဍနှင့် ဆိပ်ကမ်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Akaba Kazuyoshi ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံပြီး ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင် မီဒီယာအချို့နှင့်တွေ့ဆုံပြီး သတင်းထုတ်ပြန်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှ ဝန်ကြီး Mr. Akaba Kazuyoshi နှင့် ဦးသန့်စင်မောင်တို့ တွေ့ဆုံစဉ် ပို့ဆောင်ရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ နည်းပညာတိုးမြှင့်အသုံးချရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်းကဏ္ဍအနေဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တည်ဆောက်ရေး၊ မန္တလေးဆိပ်ကမ်းသစ်တည်ဆောက်ရေး၊ ရထားကဏ္ဍတွင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ရန်ကုန်မြို့ပြရထား ပို့ဆောင်ရေးစီမံကိန်းများတွင် ရထားသံလမ်းပြုပြင်ရေး၊ နည်းပညာအဆင့်မြှင့်တင်ရေး သင်တန်းများတွင် မြန်မာနိုင်ငံမှ သင်တန်းသားများကို ဖိတ်ခေါ်၍ သင်ကြားပို့ချခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ယင်းနောက် လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် Memorandum of Cooperation in the Field of Civil Aviation between the Department of Civil Aviation, Ministry of Transport and Communication of the Republic of the Union of Myanmar and the Civil Aviation Bureau, Ministry of Land, Infrastructure, Transport and Tourism of Japan နှင့် ဆိပ်ကမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် Letter of Cooperation between Myanmar Port Authority, Ministry of Transport and Communications of the Republic of the Union of Myanmar and Ports and Harbors Bureau, the Ministry of Land, Infrastructure, Transport and Tourism of Japan တို့ကို သက်ဆိုင်ရာဌာန အကြီးအကဲများက လက်မှတ်ရေးထိုးခဲ့ကြသည်။

“လေကြောင်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာက MLIT ရဲ့ လေကြောင်းဌာနနဲ့ မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့က လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကွပ်ကဲမှုနဲ့ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီး အပြန်အလှန်အကျိုးရရှိမှုကို မြှင့်တင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီစာချွန်လွှာကို အခြေခံပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ပြည်တွင်းလေဆိပ်ဆိုင်ရာ အခြေခံစီမံချက်စတဲ့ ကဏ္ဍတွေမှာ ကျွမ်းကျင်ပညာရှင်များအကြား နှီးနှောဖလှယ်မှုနဲ့ သတင်းအချက်အလက်များ ဖလှယ်ရေးစတဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် လေကြောင်းကဏ္ဍမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားပါမယ်။ ဆိပ်ကမ်းကဏ္ဍပူးပေါင်းဆောင်ရွက်က ရေကြောင်းပိတ်ဆို့မှုနဲ့ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲရေးစတဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလို ဆိပ်ကမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Akaba Kazuyoshi က ပြောကြားသည်။

 

Most Read

Most Recent