လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခု၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရှိပြီး မြန်မာ- တရုတ်နယ်စပ် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ နယ်စပ်ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၅၀ အထိရှိနေ

လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခု၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရှိပြီး မြန်မာ- တရုတ်နယ်စပ် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ နယ်စပ်ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၅၀ အထိရှိနေ
မန္တလေး- မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မန္တလေး- မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 28 December 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခု၏ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂  ဒသမ ၂  ဘီလျံကျော်ရှိပြီး မြန်မာ- တရုတ်နယ်စပ် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိရှိကာ စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၅၀ ကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ စုစုပေါင်းနယ်စပ် ကုန်ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၆၅ ဘီလျံရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅၉ ဘီလျံ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် စုစုပေါင်းနယ်စပ်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၆၀၅ ဒသမ ၄၅၉ သန်းပိုမိုကုန်သွယ်မှု ဆောင်ရွက်ထားခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာ- တရုတ်  အဓိကကုန်သွယ်မှုဆောင်ရွက်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာတူထက် အမေရိကန်ဒေါ်လာသန်း ၄၄၀ ကျော် ပိုမိုဆောင်ရွက်ထားကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်အတွင်း မူဆယ်နယ်စပ်တစ်ခုတည်းမှ ကုန်သွယ်မှုပမာဏသည် စုစုပေါင်းနယ်စပ် ကုန်သွယ်မှုပမာဏ၏ ၅၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်၊ ထန်တလန်နှင့် ကျိုင်းလပ် စသည့်နယ်စပ်ကုန်သွယ်ရေး စခန်း ၁၈ ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့်ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက် မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက် မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ ကုန်သွယ်မှုတိုးတက်ရေးအတွက် ပို့ကုန်ပိုင်းမှာ အရေအတွက်အပြင် အရည်အသွေးကိုပါ တိုးချဲ့ခြင်းဖြစ်သလို သွင်းကုန်ပိုင်းမှာလည်း ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်မယ့် အရင်းအနှီး ကုန်စည်များကိုလည်း ပိုမိုတင်သွင်းရမှာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

 

 

Most Read

Most Recent