၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၈၂၂ ဒသမ ၇၂ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၆၃၇ ဒသမ ၈၂ အထိ ထုတ်လုပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၈၂၂ ဒသမ ၇၂ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၆၃၇ ဒသမ ၈၂ အထိ ထုတ်လုပ်
ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်
ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်
Published 28 December 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၈၂၂ ဒသမ ၇၂ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၆၃၇ ဒသမ ၈၂ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စဖြင့် နှစ်လအတွင်း ၆၃၇ ဒသမ ၈၂ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စု၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စဖြင့် ၁၈၄ ဒသမ ၉၇ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့်ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျောက်မျက်လုပ်ကွက် ထုတ်ပေးထားမှုအခြေအနေကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် လေးကွက်၊ အသေးစား ၈၂ ကွက်၊ စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်၊ ကယားပြည်နယ်တွင် အကြီးစားလုပ်ကွက် တစ်ကွက်၊ အသေးစား တစ်ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၁၈ကွက်၊ ကရင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် ခြောက်ကွက်၊ အသေးစား ၃၇ ကွက်၊ စမ်းသပ် ၂ ကွက်ဖြင့် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း လေးကွက်၊  စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၂၄ ကွက်၊ အ သေးစား ၁၆၅ ကွက်၊ စမ်းသပ် ၁၄ ကွက်ဖြင့် စုစုပေါင်း ၂၂၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၁၈ ကွက်၊ အသေးစား ၄၅ကွက်၊ စမ်းသပ် ၁၉ ကွက်ဖြင့် စုစုပေါင်း ၈၈ ကွက်၊ နေပြည်တော်တွင် အကြီးစားလုပ်ကွက် သုံးကွက် ခွင့်ပြုမိန့် ထုတ်ပေးထားသည်။

ပဲခူးတိုင်းဒေသကြီးတွင် အသေးစား ခြောက်ကွက်၊ စမ်းသပ်တစ်ကွက်ဖြင့် စုစုပေါင်း ခုနစ်ကွက်၊  မကွေးတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် သုံးကွက်၊ အသေးစား ၄၁ ကွက်၊ စမ်းသပ် ကိုးကွက်ဖြင့် စုစုပေါင်း ၅၄ ကွက်၊  မန္တလေးတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၄၁ ကွက်၊ အသေးစား၂၃၄ ကွက်၊ စမ်းသပ် ၂၈ ကွက်ဖြင့် စုစုပေါင်း ၃၃၃ ကွက်ဖြင့် အများဆုံးထုတ်ပေးထားသည်။

မွန်ပြည်နယ်တွင် အကြီးစားလုပ်ကွက် ငါးကွက်၊ အသေးစား ၁၃ ကွက်၊ စမ်းသပ် တစ်ကွက်ဖြင့် စုစုပေါင်း ၂၄ ကွက်၊ ရခိုင်ပြည်နယ်တွင် အကြီးစားလုပ်ကွက်တစ်ကွက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အကြီးစား လုပ်ကွက် ၁၆ ကွက်၊ အသေးစား ၁၀၇ ကွက်၊ စမ်းသပ် ၁၂ ကွက်ဖြင့် စုစုပေါင်း ၁၄၅ကွက်၊  ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အကြီးစား လုပ်ကွက် ၂၁ ကွက်၊ အသေးစား ၆၁ ကွက်၊ စမ်းသပ် ခုနစ်ကွက်ဖြင့် စုစုပေါင်း ၉၅ ကွက်၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် အကြီးစား လုပ်ကွက်နှစ်ကွက်၊ အသေးစား ၇၂ ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၉၂ ကွက်၊  ဧရာဝတီတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် နှစ်ကွက်၊ အသေးစားတစ်ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်ကို ခွင့်ပြုပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်းဖြစ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ခွင့်ပြုပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျောက်မျက်ရတနာ ရောင်းချပွဲများကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ခွင့်ပြုပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent