၂၀၁၉ MFF/MNL ဆုပေးပွဲ ကျင်းပခဲ့ပြီး အကောင်းဆုံးဆုများကို ဒေးဗစ်ဒန်းနှင့် ရီရီဦး၊ နည်းပြဆုကို ဦးအောင်နိုင် ရရှိ    

၂၀၁၉ MFF/MNL ဆုပေးပွဲ ကျင်းပခဲ့ပြီး အကောင်းဆုံးဆုများကို ဒေးဗစ်ဒန်းနှင့် ရီရီဦး၊ နည်းပြဆုကို ဦးအောင်နိုင် ရရှိ    
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 27 December 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ (MNL) တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် MFF/MNL Awards Night ကို ဒီဇင်ဘာ (၂၇)ရက် ညပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ အကောင်းဆုံးဆုကို ဒေးဗစ်ဒန်းနှင့် ရီရီဦး၊ နည်းပြဆုကို ဦးအောင်နိုင်၊ လူငယ်အကောင်းဆုံးဆုကို မြတ်ကောင်းခန့်နှင့် ဖြူဖြူဝင်းတို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ (MNL) တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် MFF/MNL Awards Night ကို ဒီဇင်ဘာ (၂၇)ရက် ညပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ အကောင်းဆုံးဆုကို ဒေးဗစ်ဒန်းနှင့် ရီရီဦး၊ နည်းပြဆုကို ဦးအောင်နိုင်၊ လူငယ်အကောင်းဆုံးဆုကို မြတ်ကောင်းခန့်နှင့် ဖြူဖြူဝင်းတို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

    

ယခုဆုပေးပွဲတွင် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၌ ကျင်းပခဲ့သည့်ပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများ၌ ဆုရရှိခဲ့သည့်အသင်းများကို ဆုချီးမြှင့်သည့်အပြင် ၂၀၁၉ ခုနှစ်အတွင်း စွမ်းဆောင်ရည်အပေါ် မူတည်၍ အကောင်းဆုံးကစားသမား အမျိုးသားဆု၊ အမျိုးသမီးဆု၊ လူငယ်အကောင်းဆုံးကစားသမား အမျိုးသားဆု၊ အမျိုးသမီးဆုနှင့် အကောင်းဆုံးနည်းပြဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 

အကောင်းဆုံးကစားသမား အမျိုးသားဆုကို ဒေးဗစ်ဒန်း (ရှမ်းယူနိုက်တက်)၊ အမျိုးသမီးဆုကို ရီရီဦး၊ လူငယ်အကောင်းဆုံးကစားသမား အမျိုးသားဆုကို မြတ်ကောင်းခန့် (ရတနာပုံ/ချိုင်းနတ်)၊ အမျိုးသမီးဆုကို ဖြူဖြူဝင်း၊ အကောင်းဆုံးနည်းပြဆုကို ဦးအောင်နိုင် (ရှမ်းယူနိုက်တက်) တို့က ရရှိခဲ့သည်။  အကောင်းဆုံးကစားသမားဆုရ ဒေးဗစ်ဒန်းသည် မောင်မောင်လွင် (ရန်ကုန်) နှင့် လှိုင်းဘိုဘို (ရတနာပုံ)၊ အမျိုးသမီးအကောင်းဆုံးဆုရ ရီရီဦးသည် ခင်မာလာထွန်းနှင့် ခင်သန်းဝေ၊ လူငယ်အကောင်းဆုံးဆုရ မြတ်ကောင်းခန့်သည် လွင်မိုးအောင် (ဧရာဝတီ)နှင့် ရဲမင်းသူ (ရှမ်း)၊ အမျိုးသမီးလူငယ်အကောင်းဆုံးဆုရ ဖြူဖြူဝင်းသည် စန်းသော်သော်နှင့် ဇူးလတ်နဒီ၊ အကောင်းဆုံးနည်းပြဆုရ ဦးအောင်နိုင်သည်  ဦးမျိုးလှိုင်ဝင်း (ဧရာဝတီ)နှင့် ဦးတင်မောင်ထွန်း (ရန်ကုန်) တို့ကိုကျော်ဖြတ်ကာ ရွေးချယ်ခံရခြင်းဖြစ်သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီ အမှတ်ပေးချန်ပီယံဆုရခဲ့ပြီး အကောင်းဆုံးဆုသုံးခုတွင် နှစ်ခုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ရာသီအတွက် အကောင်းဆုံးဆုရခဲ့သည့် မောင်မောင်လွင်မှာမူ ယခုနှစ်တွင် ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရသည်။

အသန့်ရှင်းဆုံးအသင်းဆုအဖြစ် MNL ပြိုင်ပွဲတွင် ဧရာ ဝတီအသင်း၊ MNL-2 ပြိုင်ပွဲတွင် အား/ကာ သိပ္ပံအသင်း၊ MNL ပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးဆုရ ဝင်းနိုင်စိုး (ရတနာပုံ) နှင့် MNL-2 ပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးဆုရ ဆူလီဗန် (ချင်း) တို့ကိုလည်း ဆုချီးမြှင့်ခဲ့သည်။ 



    

ထို့ပြင် ၂၀၁၉ ရာသီအတွင်း ပြည်တွင်း၌ ကျင်းပခဲ့သည့်ပြိုင်ပွဲများအနက် MNL ပြိုင်ပွဲတွင် ပထမဆုရ ရှမ်းယူနိုက်တက်၊ ဒုတိယဆုရ ဧရာဝတီ၊ တတိယဆုရ ရန်ကုန်၊ ရှုံးထွက်ပြိုင်ပွဲ ပထမဆုရ ရန်ကုန်ယူနိုက်တက်၊ MNL ယူ-၁၈ ပြိုင်ပွဲ ပထမဆုရ အား/ကာသိပ္ပံ၊ ယူ-၁၉ ပြိုင်ပွဲ ပထမဆုရ ရှမ်းယူနိုက်တက်၊ ယူ-၂၀ ပြိုင်ပွဲ ပထမဆုရ မြဝတီ၊ ယူ-၂၁ ပြိုင်ပွဲ ပထမဆုရ MFF Youth အသင်း၊ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမဆုရ အား/ကာ သိပ္ပံအသင်း၊ နိုင်ငံတကာပြိုင်ပွဲများဖြစ်သည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ တတိယဆုရ MIU အသင်း၊ ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့ပြင် MFF နှင့် MNL ကို စပွန်ဆာပေးသည့် ကုမ္ပဏီများ၊ ဘောလုံးပြိုင်ပွဲများတွင် ပံ့ပိုးကူညီပေးသည့် ပရဟိတအသင်းများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

Most Read

Most Recent