နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၉၅ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းဖြစ်လာ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၉၅ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းဖြစ်လာ
Published 27 December 2019
စည်သူအောင်

ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၇ ပွိုင့်ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၉၅ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ကာ ၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းဖြစ်ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ ဇွန်တွင် ၉၇ ဒသမ ၆၉ ပွိုင့်၊ ဇူလိုင်တွင် ၉၇ ဒသမ ၉၁ ပွိုင့်၊ သြဂုတ်တွင် ၉၈ ဒသမ ၉၅ ပွိုင့်၊ စက်တင်ဘာတွင် ၉၉ ဒသမ ၂၈ ပွိုင့်၊ အောက်တိုဘာတွင် ၉၉ ဒသမ ၂၉ ပွိုင့်၊ နိုဝင်ဘာတွင် ၉၈ ဒသမ ၄၃ ပွိုင့်ဖြစ် သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိ သာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထား ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့် ဆုံး စံချိန်ထပ်တင်ခဲ့သည်။

ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့ သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့် တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းဖြစ် သည်။        

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တို ဘာ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျ ခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်လည်မြင့် တက်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ် အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ် အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ်ဝန်းကျင် ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ် အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂ ရက်တွင် ၁၅၀၇ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။

 ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ၁၅၁၀-၁၅၇၇ ကျပ်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၅၁၄-၁၅၄၀ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၅၀၃-၁၅၂၉ ကျပ်၊ မတ်တွင် ၁၅၀၈ -၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆-၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်တို့ ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ဒီဇင်ဘာ ၂၇ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၉၉ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၈ ကျပ်၊ ထိုင်း ဘတ် ၄၉ ဒသမ ၆ ကျပ်၊ တရုတ်ယွမ် ၂၁၂ ကျပ်ဖြစ်သည်။

 

 

Most Read

Most Recent