မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်းခန့်အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၈၂၉၉ စီးကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ် ကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်းခန့်အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၈၂၉၉ စီးကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ် ကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိ
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၀၈) ပုလဲကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၀၈) ပုလဲကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 25 December 2019
 နီလာ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက တစ်နေ့လျှင်သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်းခန့် အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၈၂၉၉ စီးကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်ကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင်သုံးဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင်နှစ်ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင်သုံးဆိုင်၊ စုစုပေါင်း ၄၆ ဆိုင်အထိ တိုးတက်လာခဲ့ပြီး သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle- NGV) မော်တော်ယာဉ် ၂၈၂၉၉ စီးတို့အား နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်းခန့် အသုံးပြု၍ တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်စုစုပေါင်း ကီလိုဂရမ် ၅၁၀၀၀၀ ကျော်ခန့်အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အရောင်းဆိုင်များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

CNG အရောင်းဆိုင်များတွင် နည်းပညာမြင့် CNG Compressor စက်သစ်များ အစားထိုး တပ်ဆင်ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမိုမြန်ဆန်လာပြီး အရောင်းဆိုင်ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှု လျော့နည်းလျက်ရှိသည်။ ရောင်းချနေသည့် CNG စျေးနှုန်းသည် တစ်ဂါလံလျှင် ၁၀၀၀ ကျပ်နှုန်းနှင့် ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့စျေးနှုန်းထက် သုံးဆခန့်သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍများတွင် သက်သာစွာအသုံးပြုလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ ့လုပ်ငန်းလက်အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်သုံးဆိုင်တို့တွင် မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မှော်ဘီမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၄၂) ထောက်ကြန့်နှင့် ရွှေပြည်သာမြို့နယ်ရှိ (၀၂၇) ရွှေပြည်သာ-၂တို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ (၀၄၂) ထောက်ကြန့်သဘာဝဓာတ်ငွေ့အရောင်းဆိုင်၏ အစည်းအဝေးခန်းမတွင် CNG အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယင်းတင်ပြချက်များအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့အရောင်းဆိုင်ရှိ ဝန်ထမ်းများမှ ပြည်သူသို့ ဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချရာတွင် ဆက်ဆံရေးပြေပြစ်စွာဖြင့် ပြောဆိုဆက်ဆံကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်ဆင့်ညွှန်ကြာထားရန် လိုအပ်ကြောင်း၊ ၂၄ နာရီ ပိတ်ရက်မရှိ ရောင်းချနေရသည်ဖြစ်၍ ညအချိန်တွင် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

 

Most Read

Most Recent