တရုတ်ကုမ္ပဏီများက မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်ဓာတ်အားပေးစက်ရုံ၊ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတဓာတ်အားပေးစက်ရုံနှင့် ၁၅၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် အလုံဓာတ်အားပေးစက်ရုံစီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိထားပြီး  ဓာတ်အားအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် စာချုပ်မူကြမ်းပေးပို့ထား

တရုတ်ကုမ္ပဏီများက မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်ဓာတ်အားပေးစက်ရုံ၊ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတဓာတ်အားပေးစက်ရုံနှင့် ၁၅၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် အလုံဓာတ်အားပေးစက်ရုံစီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိထားပြီး  ဓာတ်အားအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် စာချုပ်မူကြမ်းပေးပို့ထား
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 24 December 2019
နီလာ

 

တရုတ်ကုမ္ပဏီများက ရန်ကုန်တိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်ဓာတ်အားပေးစက်ရုံ၊ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတဓာတ်အားပေးစက်ရုံနှင့် ၁၅၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် အလုံဓာတ်အားပေးစက်ရုံစီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိထားပြီး လက်ရှိအချိန်တွင် ဓာတ်အားအရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် စာချုပ်မူကြမ်းပေးပို့ထားပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါမြို့နယ်၊ သန်လျင်မဂ္ဂါဝပ် ၃၅၀ Gas Engine သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို Consortium of China National Technical Import and Export Corporation, V Power Group Holding Ltd and V Power Holding Ltd က ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တင်ဒါများကို ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် လက်ခံခဲ့ကြောင်း၊  လက်ရှိတွင် တင်ဒါအောင်မြင်သော Consortium of China National Technical Import and Export Corporation, V Power Group Holding Ltd and V Power Holding Ltd နှင့် ဓာတ်အားအရောင်းအဝယ် PPA စာချုပ်ချုပ်ဆိုနိုင်ရေး နှစ်ဖက်သဘောတူ ဆွေးနွေးထားသော စာချုပ်(မူကြမ်း)အား သဘောထားမှတ်ချက် ပြန်ကြားပေးရန် သက်ဆိုင်ရာဌာနကြီးများသို့ ပေးပို့ထားကြောင်း၊ လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားနိုင်ရန်အတွက် ကုမ္ပဏီသို့ စက်တင်ဘာ ၆ ရက်တွင် LOA ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သာကေတဓာတ်အားပေးစက်ရုံဝန်းအတွင်း မဂ္ဂါဝပ် ၄၀၀ ခန့် ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံစီမံကိန်းကို Consortium of China National Technical Import and Export Corporation, V Power Group Holding Ltd and V Power Holding Ltd က လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

သာကေတရှိ မဂ္ဂါဝပ် ၄၀၀ ဓာတ်ငွေ့ အင်ဂျင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရန် ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်တွင် တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင်လက်ခံခဲ့ကြောင်း၊ လက်ရှိအချိန်တွင်  တင်ဒါအောင်မြင်သော  Consortium of China National Technical Import and Export Corporation, V Power Group Holding Ltd and V Power Holding Ltd နှင့် ဓာတ်အားအရောင်းအဝယ် PPA စာချုပ်ချုပ်ဆိုနိုင်ရေး နှစ်ဖက်သဘောတူဆွေးနွေးထားသော စာချုပ် (မူကြမ်း)အား သဘောထားမှတ်ချက်ပြန် ကြားပေးပါရန် သက်ဆိုင်ရာဌာနကြီးများသို့ ပေးပို့ထားကြောင်း၊ လုပ်ငန်းများကြိုတင် ဆောင်ရွက်ထားနိုင်ရန်အတွက် ကုမ္ပဏီသို့  စက်တင်ဘာ ၆ ရက်က LOA ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊အလုံဓာတ်အား ပေးစက်ရုံဝင်းအတွင်း Consortium of China Energy Engineering Group Human Electric Power Design Institute Co., Ltd, Shenzhen Power Gas Turbine Engineering Techique Co., Ltd က လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

အလုံ ၁၅၄ ဒသမ ၅၄ မဂ္ဂါဝပ်ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ၂၀၁၉ ခု နှစ် ဇွန် ၂၈ ရက်တွင် တင်ဒါခေါ်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် လက်ခံခဲ့ကြောင်း၊ လက်ရှိတွင် တင်ဒါအောင်မြင်သော အဆိုပါကုမ္ပဏီနှင့် ဓာတ်အားအရောင်းအဝယ် PPA စာချုပ် ချုပ်ဆိုနိုင်ရေး နှစ်ဖက်သဘောတူဆွေးနွေးထားသည့် စာချုပ်(မူကြမ်း)အား သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် သက်ဆိုင်ရာဌာနကြီးများသို့ ပေးပို့ထားကြောင်း၊ လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားနိုင်ရန်အတွက် ကုမ္ပဏီသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်က LOA ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။                                              

 

 

Most Read

Most Recent