ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP စနစ်ဖြင့် ဖိနပ်၊ အိတ်၊ လက်အိတ်နှင့် အရုပ်အမျိုးမျိုး၊ ဆက်သွယ်ရေးလုပ်ငန်းသုံး FFC Cable ထုတ်လုပ်သည့် လုပ်ငန်းများကို ဟောင်ကောင်နှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၇ ဒသမ ၄၇ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP စနစ်ဖြင့် ဖိနပ်၊ အိတ်၊ လက်အိတ်နှင့် အရုပ်အမျိုးမျိုး၊ ဆက်သွယ်ရေးလုပ်ငန်းသုံး FFC Cable ထုတ်လုပ်သည့် လုပ်ငန်းများကို ဟောင်ကောင်နှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၇ ဒသမ ၄၇ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အတည်ပြု
 ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 23 December 2019
နီလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP စနစ်ဖြင့် ဖိနပ်၊ အိတ်၊ လက်အိတ်နှင့် အရုပ်အမျိုးမျိုး၊ ဆက်သွယ်ရေးလုပ်ငန်သုံး FFC Cable ထုတ်လုပ်သည့် လုပ်ငန်းများကို ဟောင်ကောင်နှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၇ ဒသမ ၄၇ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၂၀/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်၊ မြေကွက်အမှတ်- A -5 မြေတိုင်းရပ်ကွက်အမှတ် ၂၁ တွင် ဟောင်ကောင်ကုမ္ပဏီ Colorado Outdoor Gear (Myanmar) Limited က ဒေါ်လာ ၁ ဒသမ ၁၆၀ သန်းရင်းနှီးမြှုပ်နှံကာ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းကိုလည်းကောင်း၊ မြေကွက်အမှတ်- ၁၀၂၊ မြေတိုင်းရပ်ကွက် အမှတ်စက်မှုဇုန်အပိုင်း-၄ တွင် တရုတ်ကုမ္ပဏီ Sunny Arts & Crafts Company Limited က ဒေါ်လာ ၁ ဒသမ ၂၀၀ သန်း ရင်းနှီးမြှုပ်နှံကာ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ထုတ်လုပ်ခြင်းကိုလည်းကောင်း လုပ်ကိုင်မည်ဖြစ်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြေကွက် အမှတ်-၂၅၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁၂၊ စက်မှုဇုန်တွင် တရုတ်ကုမ္ပဏီ Vogue (Myanmar) Industry Limited က ဒေါ်လာ  သုည ဒသမ ၇၈၉ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အိတ်အမျိုးမျိုးချုပ်လုပ်ခြင်းကိုလည်းကောင်း၊ မြေကွက်အမှတ်-၄၂ တွင် တရုတ်ကုမ္ပဏီ Hongho Telecommunication (Myanmar) Co., Ltd က ဒေါ်လာ ၂ ဒသမ ၅ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး FFC Cable အမျိုးမျိုး ထုတ်လုပ်ခြင်းကိုလည်းကောင်း လုပ်ကိုင်မည်ဖြစ်သည်။

၀ါးတစ်ရာစက်မှုဇုန်အတွင်း တရုတ်ကုမ္ပဏီ Jia Xin (Myanmar) Garment Company Limited က ဒေါ်လာ ၃ ဒသမ ၅ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးကိုလည်းကောင်း၊ သာဓုကန်စက်မှုဇုန်တွင် တရုတ်ကုမ္ပဏီ Sunlong (Myanmar) Sports Company Limited က ဒေါ်လာ ၁ ဒသမ ၂ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အိတ်အမျိုးမျိုးချုပ်လုပ်ခြင်းကိုလည်းကောင်း၊ ၀ါးတစ်ရာစက်မှုဇုန်အတွင်း ဟောင်ကောင်ကုမ္ပဏီ Poushing Co., Ltd က ဒေါ်လာ တစ်သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် ဖိနစပ်အမျိုးမျိုး ချုပ်လုပ်ခြင်းကိုလည်းကောင်း လုပ်ကိုင်မည်ဖြစ်သည်။

လှိုင်သာယာမြို့နယ်အတွင်း တရုတ်ကုမ္ပဏီ Myanmar Myanbag Industrial Company Limited က ဒေါ်လာ သုည ဒသမ ၈၇၆ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း တရုတ်ကုမ္ပဏီ Dehong Technology (Myanmar) Company Limited က ဒေါ်လာသုံးသန်းမြှုပ်နှံကာ CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုမြို့အတွင်း ဟောင်ကောင်ကုမ္ပဏီ  Ka Hung (Myanmar) Leather Glove Company Limited က ဒေါ်လာ ၁ ဒသမ ၂ သန်း မြှုပ်နှံကာ CMP စနစ်ဖြင့် လက်အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းကိုလည်ကောင်း၊ ၀ါးတစ်ရာစက်မှုဇုန်အတွင်း ဟောင်ကောင်ကုမ္ပဏီ Myanmar Zhengxin Footwear Company Limited က ဒေါ်လာ ၁ ဒသမ ၀၅၀ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ရန် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း  ၇၃၂၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

 

 

Most Read

Most Recent