လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်တွင်းသို့ စက်သုံးဆီတန်ချိန် တစ်သန်းခန့်တင်သွင်းမှု တန်ဖိုး ဒေါ်လာ သန်း ၆၀၀ နီးပါးရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂၀၀၀၀ နှင့် တန်ဖိုး ဒေါ်လာ ရှစ်သန်းကျော် ပိုမိုတင်သွင်းထား

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်တွင်းသို့ စက်သုံးဆီတန်ချိန် တစ်သန်းခန့်တင်သွင်းမှု တန်ဖိုး ဒေါ်လာ သန်း ၆၀၀ နီးပါးရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂၀၀၀၀ နှင့် တန်ဖိုး ဒေါ်လာ ရှစ်သန်းကျော် ပိုမိုတင်သွင်းထား
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 21 December 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင်  ပြည်တွင်းသို့ စက်သုံးဆီတန်ချိန် တစ်သန်းခန့် တင်သွင်းမှုတန်ဖိုး ဒေါ်လာ သန်း ၆၀၀ နီးပါးရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂၀,၀၀၀ ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုး ဒေါ်လာ ရှစ်သန်းသာ ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က  ပြောကြားသည်။

“ ဒီဇယ်က အခုနှစ်မှာ ဒေါ်လာ ၃၅၄ သန်းဖိုးသွင်းထားတာပေါ့။ ကာလတူက ဒေါ်လာ ၃၈၅ သန်း သွင်းထားတာဆိုတော့ သန်း ၃၀ လောက်နည်းတယ်။ တန်ချိန်က အခုနှစ်ကမှာ ၆၀၀,ဝဝဝပေါ့။ ယခင်နှစ်က ၅၇၀,၀၀၀ ဆိုတော့ တန်ချိန်ကတော့ ပိုတယ်။ ဓာတ်ဆီက တန်ချိန်ကတော့ ၃၉၀,၀၀၀ ပေါ့။ တန်ဖိုး ၂၄၅ သန်း ယခင်ကာလတူမှာက တန်ချိန်က ၃၀၀,၀၀၀ ဒေါ်လာ ၂၂၂ သန်း ရှိတယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က  ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နှစ်လကျော်တွင် ပြည်ပမှ ဒီဇယ်နှင့် ဓာတ်ဆီ စုစုပေါင်းတန်ချိန် ၉၉၀,၀၀၀ တင်သွင်းမှု အမေရိကန်ဒေါ်လာ ၅၉၉ သန်းအထိ ရှိသည်။

ယခင်နှစ်ကာလတူတွင် ဒီဇယ်နှင့် ဓာတ်ဆီ စုစုပေါင်းတန်ချိန် ၈၇၀,၀၀၀ တင်သွင်းမှု အမေရိကန်ဒေါ်လာ ၆၀၇ သန်းအထိ ရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပမှ ဒီဇယ်နှင့် ဓာတ်ဆီ တင်သွင်းမှုသည် ယခင်နှစ်ကလာလတူထက် တန်ချိန် ၁၂၀,၀၀၀ အထိ ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၈ သန်းသာ ပိုများနေခြင်း ဖြစ်သည်။

ယင်းအနက် ဒီဇယ်တင်သွင်းမှုသည် တန်ချိန် ၆၀၀,၀၀၀ ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅၄ သန်း ရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၃၀၀,၀၀၀ ကျော် ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ သန်း လျော့ကျသည်။

ဓာတ်ဆီတင်သွင်းမှုသည် တန်ချိန် ၃၉၀,၀၀၀ ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၅ သန်း ရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၉၀၀,၀၀၀ ကျော် ပိုမိုတင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၃ သန်းအထိ ပိုများသည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများမှာ ဒီဇယ်လက်လီ တစ်လီတာ ကျပ် ၉၀၀ မှ ၉၆၅ ကြား၊ လက်ကား တစ်လီတာ ကျပ် ၈၇၃ မှ ၈၇၅ ကြား၊ Premium ဒီဇယ် လက်လီ တစ်လီတာ ကျပ် ၉၁ဝမှ ၉၈၀ ကြား၊ လက်ကားတစ်လီတာ ၈၈၅ ကျပ်ရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဓာတ်ဆီ (RON 92) လက်လီတစ်လီတာ ကျပ် ၈၄ဝမှ ၈၈၅ကြား၊ လက်ကား တစ်လီတာ ကျပ် ၇၇၄ မှ ၇၈၀ ကြားနှင့် ဓာတ်ဆီ (RON 95) လက်လီတစ်လီတာ ကျပ် ၉၅၀ မှ ၉၈၀ ကြား၊ လက်ကားတစ်လီတာ ကျပ် ၈၅၅ မှ ၈၆၀ ကြားရှိသည်။

ကမ္ဘာ့ ရေနံစျေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်းကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှ စတင်မှာ ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လဆန်းမှစတင်ကာ စျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်းအပြိုင် မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

 

 

Most Read

Most Recent