ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပုသိမ်မြို့တွင် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများပါဝင်သည့် ပလက်တီနမ် ပုသိမ်စီမံကိန်း စတင်လုပ်ဆောင်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပုသိမ်မြို့တွင် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများပါဝင်သည့် ပလက်တီနမ် ပုသိမ်စီမံကိန်း စတင်လုပ်ဆောင်
ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက သိမ်ဖြူလမ်း အလယ်ဘလောက်ရှိ The Secretariar Office ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက သိမ်ဖြူလမ်း အလယ်ဘလောက်ရှိ The Secretariar Office ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 19 December 2019
သိင်္ဂီဝင်းထွန်း

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပုသိမ်မြို့တွင် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ပါဝင်သည့် ပလက်တီနမ် ပုသိမ်စီမံကိန်းအား စတင်လုပ်ဆောင်လျက်ရှိကြောင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက သိမ်ဖြူလမ်း အလယ်ဘလောက်ရှိ  The Secretariat Office ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပုသိမ်မြို့နယ်ရှိ မြေဧက အကျယ် (၁၅ ဒသမ ၂၈) ဧကပေါ်တွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ရာတွင်လည်း အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်ပြီး ယခုအချိန်တွင် လုံးချင်းလူနေအိမ်များနှင့် ပလာဇာတို့ကို တည်ဆောက်ပြီးစီးနေပြီဟု သိရသည်။

အပိုင်းနှစ်အနေဖြင့်လည်း အဆင့်မြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေပန်းခြံတို့အပြင် သုံးခန်းတွဲ၊ သုံးထပ်တိုက် လေးခန်းတွဲ၊ လေးထပ်တိုက်၊ တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကိုလည်း ၂၀၂၀ မတ်လတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပလက်တီနမ်စီမံကိန်းမှ တာဝန်ရှိသူများက ပြောကြားသည်။

“ ရန်ကုန်တို့ တခြားမြို့နယ်တွေမှာဆိုရင် အိမ်ရာဆောက်လုပ်တဲ့မြေတွေပေါ်မှာ မူတည်ပြီးတော့ ပုံမှန်ပုဂ္ဂလိကပိုင်တဲ့မြေဆိုရင် ဘိုးဘွားပိုင်မြေရှိမယ်၊ နှစ် ၆၀ ဂရမ်မြေတွေရှိမယ်။ ဒါပေမဲ့ ရန်ကုန်အပြင် ရောက်သွားပြီဆိုရင် သူတို့တွေရဲ့မြေယာပိုင်ဆိုင်မှုပုံစံက လယ်ယာမြေကနေမှတစ်ဆင့် တခြားလုပ်ပိုင်ခွင့်ရှိတဲ့ မြေပုံစံမျိုးကျွန်မတို့က လျှောက်ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့က အားလုံးသိတဲ့ ပုံစံအတိုင်း ၁၀၅၊ ၁၀၆ ပုံစံအတိုင်း အဆင့်ဆင့် ပါမစ်တွေတင်တယ်။ ဒီမြေကပရော ဂျက်နဲ့ အုံနာရဲ့ တစ်ဦးတည်းပိုင်အနေနဲ့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က Owner Book တွေလည်း ထုတ်ပေးထားပါတယ်။ အခုလက်ရှိလည်း ဝယ်ယူနေထိုင်တဲ့သူတွေ ရှိပါတယ်။ အစိုးရကနေပြီး မြေကိုဂရန်လည်းမဖောက်ပေးဘူး။ ဘိုးဘွားလည်း မဖောက်ပေးဘူး။ ဒါပေမဲ့ သူရဲ့ Owner Book ထဲမှာတော့ အနှစ် ၃၀ အထိ စီးပွားလုပ်ပိုင်ခွင့် နေထိုင်ခွင့် ရှိပါတယ်” ဟု Fortumax မှ စျေးကွက် ဖွံ့ဖြိုးရေးဒါရိုက်တာ ဒေါ်ဝင်းလဲ့လဲ့ကြည်က ပြောကြားသည်။

အဆိုပါ ပလက်တီနမ်ပုသိမစီမံကိန်းတွင် ပါဝင်သည့် လူနေအိမ်ရာများအား အမည်ပေါက် ကိုယ်ပိုင်ဂရန်အနေနှင့် နှစ် ၃၀ ရရှိမည်ဖြစ်ပြီး နှစ် ၃၀ ထပ်မံသက်တမ်းတိုး လုပ်ဆောင်သွားနိုင်မည်လည်း ဖြစ်ကြောင်း သိရသည်။                                 

 

Most Read

Most Recent