၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားအသုံးပြုမှုတွင် အိမ်သုံးအမျိုးအစားက ကီလိုဝပ်နာရီ သန်းပေါင်း ၆၇၃၂ ဖြင့် အများဆုံးဖြစ်ကာ စက်ရုံသုံးမှာ ၄၅၈၄ ဒသမ ၁၄၊ ဆေးရုံ၊ ရုံး၊ ကျောင်းများမှ အသုံးပြုမှု ကီလိုဝပ်နာရီသန်းပေါင်း ၂၀၇၇ ဒသမ ၅၉ ရှိကြောင်း သိရ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားအသုံးပြုမှုတွင် အိမ်သုံးအမျိုးအစားက ကီလိုဝပ်နာရီ သန်းပေါင်း ၆၇၃၂ ဖြင့် အများဆုံးဖြစ်ကာ စက်ရုံသုံးမှာ ၄၅၈၄ ဒသမ ၁၄၊ ဆေးရုံ၊ ရုံး၊ ကျောင်းများမှ အသုံးပြုမှု ကီလိုဝပ်နာရီသန်းပေါင်း ၂၀၇၇ ဒသမ ၅၉ ရှိကြောင်း သိရ
 ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးကြိုးများသွယ်တန်းနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးကြိုးများသွယ်တန်းနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 17 December 2019
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားအသုံးပြုမှုတွင် အိမ်သုံးအမျိုးအစားက ကီလိုဝပ်နာရီသန်းပေါင်း ၆၇၃၂ ဖြင့် အများဆုံးဖြစ်ကာ စက်ရုံးမှာ ကီလိုဝပ်နာရီသန်းပေါင်း ၄၅၈၄ ဒသမ ၁၄၊ ဆေးရုံး၊ရုံး၊ ကျောင်းများမှ အသုံးပြုမှု ကီလိုဝပ်နာရီသန်းပေါင်း ၂၀၇၇ ဒသမ ၅၉ ရှိကြောင်း လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးအစားအလိုက် လျှပ်စစ်ဓာတ်အားအသုံးပြုမှုကို လေ့လာကြည့်ပါက ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိတွင် အိမ်သုံးအမျိုးအစားက ကီလိုဝပ်နာရီသန်းပေါင်း ၆၇၃၂ ဒသမ ၀၃၊ ကုမ္ပဏီသို့ရောင်းချခြင်းတွင် ကီလိုဝပ် နာရီသန်းပေါင်း ၅၇၉၆ ဒသမ ၄၁၊ စက်ရုံသုံးတွင် ကီလိုဝပ် နာရီသန်းပေါင်း ၄၅၈၄ ဒသမ ၁၄ ၊ဆေးရုံ၊ရုံး၊ ကျောင်းစသည်တို့တွင် အသုံးပြုမှုမှာကီလိုဝပ်နာရီသန်းပေါင်း ၂၀၇၇ ဒသမ ၅၉ ရှိကာ အထွေထွေ အသုံးပြုမှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၆ ဒသမ ၁၁ ရှိကြောင်း လျှပ်စစ်စွမ်းအား  စီမံရေးဦးစီးဌာနမှ သိရသည်။

နှစ်အလိုက် လူတစ်ဦးချင်းလျှပ်စစ် ဓာတ်အားတိုးတက်သုံးစွဲနိုင်မှုအခြေအနေတွင်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ် နာရီ ၂၆၃ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာကာ ငါးနှစ်အတွင်း လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲနိုင်မှု ကီလိုဝပ်နာရီ ၁၇၀ နီးပါးတိုးလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် လူတစ်ဦးချင်းလျှပ်စစ် ဓာတ်အားတိုးတက်သုံးစွဲနိုင်မှုအခြေအနေ ကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၁၅၉၆၅ ရှိခဲ့ရာမှ လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိရှိနေပြီး ငါးနှစ်အတွင်း ယူနစ်သန်းပေါင်း ၁၁၀၀၀ ကျော် တိုးတက်ထုတ်လုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်အလိုက် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိ တိုးတက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ကီလိုဝပ် နာရီသန်းပေါင်း ၁၁၀၀၀ ကျော်ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၉၀၀၀ ဝန်းကျင်ထုတ်လုပ်သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားထုတ် လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း  ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၅၅၃ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၇၆၉၀ သန်းကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအား လျှပ်စစ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၄၄၁ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၅၇၇ သန်းကျော်ထုတ်လုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent