"ကျွန်တော် အလုပ်တွေလုပ်ချင်တယ်။ ဇန်နဝါရီမှာတော့ အလုပ်တွေလုပ်ဖို့ အချိန်ရမှာပါ။ အခုအချိန်ထိ ကျွန်တော့်မှာ အချိန်မရသေးပါဘူး။ ကျွန်တော်က ကိုယ်လုပ်ချင်တဲ့ လေ့ကျင့်မှုပုံစံတွေနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို နေ့စဉ်နေ့တိုင်း စောဒကတက်ပါတယ်။ စိတ်တိုင်းကျ မလုပ်နိုင်တဲ့အတွက်တော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်က ရာသီကြို လေ့ကျင့်ပြင်ဆင်မှုကို သဘောကျပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး" ဟု ၎င်းက ဆိုသည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုက ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူရေးထက် လေ့ကျင့်မှုအစီအစဉ်အတွက်သာ အချိန်ပေးလိုကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် စပါးအသင်း နည်းပြအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် ခန့်အပ်ခံရပြီး သုံးပတ်ကျော်ကာလ အတွင်း ပွဲစဉ်ခုနစ်ပွဲအထိ ယှဉ်ပြိုင်ကစားထားရသည်။ စပါးအသင်းတွင် အားထားရသည့် ကွင်းလယ်လူ အဲရစ်ဆင်အပါအဝင် ကစားသမားအချို့မှာ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံး တော့မည်ဖြစ်သော ကြောင့် ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူမည့် အကြောင်း သတင်းထောက်များက မေးမြန်းခဲ့ရာ မာ်ရင်ဟိုက ယခုလို တုံ့ပြန်ဖြေကြားခြင်းဖြစ်သည်။
"ကျွန်တော် အလုပ်တွေလုပ်ချင်တယ်။ ဇန်နဝါရီမှာတော့ အလုပ်တွေလုပ်ဖို့ အချိန်ရမှာပါ။ အခုအချိန်ထိ ကျွန်တော့်မှာ အချိန်မရသေးပါဘူး။ ကျွန်တော်က ကိုယ်လုပ်ချင်တဲ့ လေ့ကျင့်မှုပုံစံတွေနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို နေ့စဉ်နေ့တိုင်း စောဒကတက်ပါတယ်။ စိတ်တိုင်းကျ မလုပ်နိုင်တဲ့အတွက်တော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်က ရာသီကြို လေ့ကျင့်ပြင်ဆင်မှုကို သဘောကျပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး" ဟု ၎င်းက ဆိုသည်။
ထို့ပြင် မော်ရင်ဟိုက စပါးအသင်းအနေဖြင့် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ယုံကြည်မှုရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ မော်ရင်ဟို က "ကျွန်တော်တို့အသင်းက ဘယ်နေရာမှာရှိနေရမလဲဆိုတာ သိပါ တယ်။ ကျွန်တော့်အသင်းက ဇယားအောက်ပိုင်းနေရာမှာ ရှိနေရမှာ မဟုတ်ပါဘူး။ အခုရောက်နေတဲ့ အဆင့် ၇၊ ၈ နေရာက ကျွန်တော်တို့ ရှိနေရမယ့်နေရာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ရဲ့နေရာကို သိထားပြီးဖြစ်သလို ရာသီကုန်မှာ အဲဒီနေရာဆီ အရောက်သွားနိုင်မယ်လို့လည်း ယုံကြည်မှုရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ရာသီကုန်တွင် စာချုပ်ကုန်ဆုံးတော့မည့် အဲရစ်ဆင်၏အခြေအနေ နှင့်ပတ်သက်၍လည်း မော်ရင်ဟိုက "သူ့ရဲ့စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမယ်ဆိုတာပဲ ကျွန်တော်သိထားပါတယ်။ သူနဲ့ကျွန်တော် ဆွေးနွေး ဖြစ်တာတွေကို ပြန်ပြောပြနေမှာ မဟုတ်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်လို့ အများသိအောင်ပြောပြဖို့ မလိုဘူးထင်ပါတယ်။ သူက ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောထားလို့ ကျွန်တော်တို့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ အဲဒီဆက်ဆံရေးနဲ့ သူ့ရဲ့ယုံကြည်မှုကို ကျွန်တော် သစ္စာမဖောက်နိုင်ပါဘူး။ သူ ကိုယ်တိုင်ဆန္ဒရှိရင်တော့ ပြောပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။