ဘာစီလိုနာအသင်း၏တိုက်စစ်မှူး အသင်းခေါင်းဆောင် မက်ဆီသည် အင်တာမီလန်နှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း သိရှိရသည်။
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ယင်းပွဲအတွက် ကစားသမား(၂၀)ဦးရွေးချယ်ပြီး မီလန်မြို့သို့ ထွက်ခွာရာ၌ မက်ဆီနှင့်အတူ လက်ထောက်အသင်းခေါင်းဆောင်များဖြစ်သည့် ပီကေးနှင့် ဆာဂျီရောဘတ်တိုတို့ကိုလည်း ချန်လှပ်ခဲ့သည်။
နောက်ခံလူ ဆယ်မီဒိုကိုလည်း မာယော့ကာနှင့်ပွဲတွင်ရရှိသည့်ဒဏ်ရာကြောင့် ခေါ်ဆောင်သွားခြင်းမရှိဘဲ လာမည့် ဆိုစီဒက်၊ ရီးယဲလ်မက်ဒရစ်တို့နှင့်ပွဲများတွင်မူ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်။
ဘာစီလိုနာအသင်းသည် အုပ်စုပထမနေရာ သေချာနေပြီးဖြစ်သောကြောင့် အဆိုပါကစားသမားများကို အနားပေးခဲ့ခြင်းဖြစ်သလို၊ အင်တာမီလန်နှင့်ပွဲတွင် လူငယ်ကစားသမားများကို ပွဲထုတ်ဖွယ်ရှိသည်ဟုလည်း စပိန်မီဒီယာများက သုံးသပ်နေကြသည်။
ဘာစီလိုနာအသင်းသည် ဒီဇင်ဘာ(၁၈)တွင် ရီးယဲလ်အသင်းနှင့် El Clásico ပွဲ ဆင်နွှဲရမည် ဖြစ်၍ မက်ဆီကို အနားပေးခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။
Barcelona's Squad
Goalkeepers: Ter Stegen, Peña, Neto
Defenders: Busquets, Todibo, Lenglet, Umtiti, Wague, Junior Firpo, Araújo, Morer
Midfielders: Rakitic, Aleña, De Jong, Vidal, Perez, Riqui Puig,
Forwards: Griezmann, Suarez, Ansu Fati