အူဘာမီယန်းအနေဖြင့် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့သဖြင့် အသင်းမှထွက်ခွာရန်အသင့် ရှိနေပြီဟု သတင်းများက ရေးသားလာခဲ့ကြသည်။
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
အူဘာမီယန်းအနေဖြင့် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့သဖြင့် အသင်းမှထွက်ခွာရန်အသင့်ရှိနေပြီဟု သတင်းများက ရေးသားလာခဲ့ကြသည်။
၂၀၁၈ ဇန်နဝါရီလက အာဆင်နယ်အသင်းသို့ ရောက်ရှိခဲ့သည့် အူဘာမီယန်းမှာ အသင်းအတွက် ၈၃ ပွဲကစားရာတွင် ၅၃ ဂိုး သွင်းယူပေးထားခဲ့ပြီး ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
သူ၏စာချုပ်မှာ ၁၈ လသက်တမ်းသာ ကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးရန် အဆင်မပြေလျှင် ကလပ်အသင်းတာဝန်ရှိသူများအနေဖြင့် လာမည့်နွေရာသီတွင် သူ့ကို ရောင်းချရန် ဆုံးဖြတ်ချက်ချဖွယ်ရှိနေသည်။
လာမည့်ဇွန်လတွင် အသက် ၃၁ နှစ်ပြည့်မည့် အူဘာမီယန်းသည် ကစားသမားဘဝတွင် အမြင့်မားဆုံးဆုဖလားအဖြစ် ပြင်သစ်လိဂ်ဖလားနှင့် ဂျာမန်ဖလားများသာ ရရှိခဲ့ဖူးကြောင်း သိရသည်။