အသက်၂၉ နှစ်အရွယ်သာရှိသေးသူ ဝေါ်ဇနီယာကီအနေဖြင့် လက်ရှိ၌ ကမ္ဘာ့အဆင့် ၃၇ နေရာသို့ ရောက်ရှိနေပြီး ပြီးခဲ့သည့်အောက်တိုဘာလကကျင်းပခဲ့သော China Open ပြိုင်ပွဲတွင် နောက်ဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ကမ္ဘာ့နံပါတ်တစ်ဟောင်းဖြစ်သူ ဒိန်းမတ်တင်းနစ်မယ် ဝေါ်ဇနီယာကီသည် လာမည့်ဇန်နဝါရီလတွင်ကျင်းပမည့် သြစတြေးလျအိုးပင်းပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူတော့မည်ဟု အတည်ပြုကြေညာ ခဲ့ကြောင်းသိရသည်။
အသက်၂၉ နှစ်အရွယ်သာရှိသေးသူ ဝေါ်ဇနီယာကီအနေဖြင့် လက်ရှိ၌ ကမ္ဘာ့အဆင့် ၃၇ နေရာသို့ ရောက်ရှိနေပြီး ပြီးခဲ့သည့်အောက်တိုဘာလကကျင်းပခဲ့သော China Open ပြိုင်ပွဲတွင် နောက်ဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာလက ဟားဗက်စီးပွားရေးကျောင်းတွင် တက်ရောက်ရန်စာရင်းသွင်းခဲ့သူ ဝေါ်ဇနီယာကီသည် ၂၀၁၈ ခုနှစ်အတွင်း အဆစ်ရောင်ဝေဒနာကို ခံစားခဲ့ရဖူးသည်။ သူ၏အနားယူမှုနှင့်ပတ်သက်ပြီး ဝေါ်ဇနီယာကီက "ကျန်းမာaရးနဲ့တော့ မပတ်သက်ပါဘူး။ ဒါက ကောင်းသောနှုတ်ဆက်ခြင်းမဟုတ်တာတော့ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။
သို့သော် Instagram စာမျက်နှာတွင်မူ တင်းနစ်နှင့်ဝေးရာတွင် ဘဝကိုဖြတ်သန်းရန် အစီအစဉ်ရှိကြောင်းနှင့် ခင်ပွန်းဖြစ်သူ ဂိုးလ်ဒင်းစတိတ်ဝါရီယာစ်အသင်း ကစားသမားဟောင်း ဒေးဗစ်လီနှင့်မိသားစုဘဝ တည်ဆောက်လိုကြောင်း ရေးသားခဲ့သည်။