အပြောင်းအရွှေ့ပိတ်ပင်ခံရမှုပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့အတွက် လမ်းပတ် ပေါင် သန်း ၁၅၀ သုံးစွဲခွင့်ရမည်

အပြောင်းအရွှေ့ပိတ်ပင်ခံရမှုပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့အတွက် လမ်းပတ် ပေါင် သန်း ၁၅၀ သုံးစွဲခွင့်ရမည်
Photos: Getty Images
Photos: Getty Images
Published 8 December 2019

လမ်းပတ်ခေါ်ယူရန် ပစ်မှတ်ထားနေသည့်စာရင်းတွင် တိုက်စစ်မှူးတစ်ဦး၊ တောင်ပံကစားသမားတစ်ဦး၊ ဗဟိုနောက်ခံလူတစ်ဦးနှင့် ခံစစ်အစွန်လူတစ်ဦးတို့ ပါဝင်နေကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

 

ချယ်လ်ဆီးအသင်းသည် အပြောင်းအရွှေ့ပိတ်ပင်ခံရမှုပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ စျေးကွက်အတွင်း ကစားသမားခေါ်ယူမှုအတွက် သုံးစွဲရန် လမ်းပတ်အား ဘတ်ဂျက် ပေါင် သန်း ၁၅၀ ချထားပေးမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Telegraph ၏သတင်းတွင် လမ်းပတ်အနေဖြင့် အသင်းကို ကစားသမားသစ်ဖြည့်တင်းရန် လိုအပ်နေသည်ဟု အတိအလင်းဝန်ခံထားပြီး လာမည့်ဆောင်းရာသီစျေးကွက်တွင် ကစားသမားသစ်များခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု ရေးသားထားသည်။

လမ်းပတ်ခေါ်ယူရန် ပစ်မှတ်ထားနေသည့်စာရင်းတွင် တိုက်စစ်မှူးတစ်ဦး၊ တောင်ပံကစားသမားတစ်ဦး၊ ဗဟိုနောက်ခံလူတစ်ဦးနှင့် ခံစစ်အစွန်လူတစ်ဦးတို့ ပါဝင်နေကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။ ယင်း စာရင်းတွင် တိုက်စစ်ပိုင်းအတွက် လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီ၊ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာနှင့် ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချိုတို့ ပါဝင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ခံစစ်ပိုင်းအတွက် ဘုန်းမောက်အသင်းတွင်ကစားနေသည့် အသင်းအကယ်ဒမီထွက် ဒတ်ချ်နောက်ခံလူ နာသန်အကီနှင့် လက်စတာအသင်းမှ အင်္ဂလန်နောက်ခံကစားသမား ဘင်ချီဝဲလ်တို့ကို ပစ်မှတ်ထား လျက်ရှိသည်။