မက်ဆီမှာ အနားယူရန်နီးလာသော်လည်း လတ်တလောမဖြစ်နိုင်ဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ ဆို

မက်ဆီမှာ အနားယူရန်နီးလာသော်လည်း လတ်တလောမဖြစ်နိုင်ဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ ဆို
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 8 December 2019

မက်ဆီသည် Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် ကစားသမားဘဝမှအနားယူရန် နီးစပ်လာပြီဟု အတိအလင်းဝန်ခံခဲ့သောကြောင့် ဘောလုံးလောကကိုကျောခိုင်းရန် အဆင်သင့်ဖြစ်နေဖွယ်ရှိသည်ဟု သတင်း များက ဖော်ပြခဲ့ကြသည်။

 

 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ကစားသမားဘဝမှအနားယူရန်နီးစပ်လာသော်လည်း လတ်တလောမဖြစ်နိုင်သေးကြောင်း ဘာစီလိုနာအသင်းနည်းပြဖြစ်သူ ဗယ်လ်ဗာဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက်ဆီသည် Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် ကစားသမားဘဝမှအနားယူရန် နီးစပ်လာပြီဟု အတိအလင်းဝန်ခံခဲ့သောကြောင့် ဘောလုံးလောကကိုကျောခိုင်းရန် အဆင်သင့်ဖြစ်နေဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ယင်းသတင်းများ နှင့်ပတ်သက်ပြီး ဗယ်လ်ဗာဒီက "ဒါဟာ သဘာဝပါပဲ။ သူ့အသက်က ၃၂ နှစ်ရှိပါပြီ။ သူ့ အနေနဲ့ မနက်ဖြန် ဒါမှမဟုတ် ဒီရက်ပိုင်းအတွင်း ကစားသမားဘဝကနေ အနားယူသွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကစားသမားတိုင်း အသက် ၃၀ ကျော်လာရင် အဆုံးသတ်ချိန်က နီးလာပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လူတွေက အကျယ်ချဲ့တွေးလွန်းပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် မက်ဆီ၏ဘာစီလိုနာအသင်းဖော်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးလည်းဖြစ်သူ တိုက်စစ်မှူး ဆွာရက်ဇ်က Ballon d'Or ဆုပေးပွဲ၌ မက်ဆီ ပြောကြားခဲ့သည့်စကားမှာ အများအမြင်တွင် နားလည်မှုလွဲမှားသွားခြင်း သာဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ "မက်ဆီရဲ့စကားတွေကို နားလည်မှုလွဲမှားသွားတယ်လို့ ကျွန်တော်ယူဆပါတယ်။ ပထမအချက်က အဲဒီအချိန်မှာ ဆုလက်ခံရယူနေချိန်ဖြစ်လို့ လူသားတစ်ယောက်အနေနဲ့ အပျော်လွန်ပြီး စိတ်လှုပ်ရှားနေတာပါ။ မက်ဆီဟာ ကာလအတိုင်းအတာ တစ်ခုလောက် ဆက်ရှိနေပါလိမ့်မယ်" ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။