အမျိုးသားနှစ်ယောက်တွဲတင်းနစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရခဲ့သည့် ဖိလစ်ပိုင်အားကစားသမားသည် ဆုယူပြီးပြီးချင်း အားကစားရုံအတွင်းမှာပင် ချစ်သူဖြစ်သူထံ လက်ထပ်ခွင့်တောင်းခံခဲ့ကြောင်း သိရသည်။
အမျိုးသားနှစ်ယောက်တွဲတင်းနစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရခဲ့သည့် ဖိလစ်ပိုင်အားကစားသမားသည် ဆုယူပြီးပြီးချင်း အားကစားရုံအတွင်းမှာပင် ချစ်သူဖြစ်သူထံ လက်ထပ်ခွင့်တောင်းခံခဲ့ကြောင်း သိရသည်။
ရူဘင်ဂွန်ဇာလက်စ်ဟုအမည်ရသည့် ယင်းတင်းနစ်သမားသည် သူနှင့်ကာလကြာရှည်လက်တွဲခဲ့သည့် ချစ်သူ ဘမ်ဂါနာကို လက်ထပ်ခွင့်တောင်းခံခဲ့ပြီး သူ၏ချစ်သူမှလည်း လက်ခံခဲ့သည်။
အမေရိကန်ဖခင်နှင့် ဖိလစ်ပိုင်မိခင်တို့မှ မွေးဖွားခဲ့သည့် ဘမ်ဂါနာမှာလည်း ကားမောင်းပြိုင်ပွဲဝင် အားကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။
အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဂွန်ဇာလက်စ်မှာ ထရက်ဟေးဆိုသူနှင့် တွဲကစားခဲ့ပြီး ဗိုလ်လုပွဲတွင် တစ်နိုင်ငံတည်းသားများဖြစ်သည့် အယ်လ်ကန်တာရာနှင့် ပတ်ထရွန်ဘွန်းအတွဲကို ၆-၇(၂-၆)၊ ၅-၇ ဖြင့် အရေးနိမ့်ခဲ့သည်။
ဂွန်ဇာလက်စ်-ထရက်ဟေးမှာ ဆီဒင်ထိပ်ဆုံးရအတွဲဖြစ်ပြီး ဗိုလ်လုပွဲတွင် ဆီဒင်မဲ့အတွဲကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့သည်။