အီတလီစီးရီးအေပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 December 2019

လက်ချီ - ဂျီနိုအာ (တနင်္ဂနွေညနေ ၆:၀၀ နာရီ)

နောက်ဆုံး (၆)ပွဲမှာ လက်ချီ တစ်ပွဲသာအရေးနိမ့်ထားတယ်။ ဂျီနိုအာက နည်းပြအပြောင်းအလဲဖြစ်ပေါ်ပြီးနောက်ပိုင်း  တည်ငြိမ်မှုပိုပျက်သွားကာ တန်းဆင်းဇုန်ထဲ နစ်မွန်းနေတယ်။  အဝေးကွင်း (၁၆)ပွဲဆက် နိုင်ပွဲပျောက်ထားလို့ ဒီပွဲမှာလည်း တစ်မှတ်ထက်ပိုမရနိုင်ဘူး။ လက်ချီ အနိုင်ရမယ်။

ဆာဆူအိုလို - ကာဂလီယာရီ (တနင်္ဂနွေည ၈:၃၀ နာရီ)

ဂျူဗင်တပ်စ်ကို သရေကစားခဲ့တဲ့ပွဲက ဆာဆူအိုလိုရဲ့ ကစားပုံကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံး (၆)ပွဲ မှာ (၄)ပွဲအထိ ဆာဆူအိုလို ရှုံးနိမ့်ထားလို့ သိပ်ပြီးယုံစားလို့မရဘူး။ ကာဂလီယာရီက စီးရီးအေနောက်ဆုံး (၁၂)ပွဲဆက် ရှုံးပွဲမရှိသေးလို့ ဒီပွဲမှာလည်း အမှတ်ရမယ်ထင်တယ်။

SPAL - ဘရက်စီယာ (တနင်္ဂနွေည ၈:၃၀ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲမှာ ဘယ်အသင်းက ခေတ္တပျော်ရွှင် ခွင့်ရမလဲ။ ဘရက်စီယာက ခံစစ်တိုက်စစ် အခြေအနေဆိုးနေပြီး SPAL ထက် စုစည်းမှုပိုပျက်နေတယ်။ SPAL နိုင်ပွဲပြန်ရမယ့်ပွဲမျိုးပါပဲ။ 

တိုရီနို - ဖီအိုရင်တီးနား (တနင်္ဂနွေည ၈:၃၀ နာရီ)

အစဉ်အလာအရ တိုရီနိုကွင်းမှာ ဖီအိုရင်တီးနား ရလဒ်ကောင်းတတ်ပေမယ့် လက်ရှိခြေစွမ်းအရ မျှော်လင့်ချက်သိပ်မရှိဘူး။ ဖီအိုရင်တီးနားရဲ့ အဓိကပြဿနာက တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းမယ့်သူ ပျောက်ဆုံးနေတာဖြစ်ပြီး ကွင်းလယ်နဲ့ တောင်ပံ တိုက်စစ်ကစားပုံက တိုရီနိုကို ယှဉ်နိုင်ပါတယ်။ တိုရီနိုကလည်း အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားလို့ ဒီပွဲမှာ နိုင်ပွဲပြန် ရှာချင်နေလိမ့်မယ်။ တိုရီနို အနိုင်ရမယ်။

ဆမ်ဒိုးရီးယား - ပါးမား (တနင်္ဂနွေည ၁၁:၃၀ နာရီ)

ဆမ်ဒိုးရီးယားကစားပုံ တိုးတက်လာပါတယ်။ တိုက်စစ်က (၂)ပွဲဆက် ဂိုးပြန်ရလာတယ်။ ပါးမားက အဝေးကွင်းမှာ မထင်မှတ်တာတွေ လုပ်ပြတတ်ပြီး (၃)ပွဲဆက် သရေကစားထားပေမယ့် ဆမ်ဒိုးရီးယား အနိုင်ကစားလိမ့်မယ်။

ဘိုလော့ဂ်နာ - အေစီမီလန် (တနင်္လာနံနက် ၂:၁၅ နာရီ)

(၂)ပွဲဆက် ရလဒ်ပြန်ကောင်းခဲ့လို့ အေစီမီလန် ယုံကြည်မှုပြန်လည်အားကောင်းနေနိုင်ပါတယ်။ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရဆဲဖြစ်ပေမယ့် ကွင်းလယ်နဲ့ ခံစစ်ကစားပုံတည် ငြိမ်လာပါပြီ။ ဘိုလော့ဂ်နာက နောက်ဆုံးပွဲမှာ နာပိုလီကို အနိုင်ရခဲ့သလို၊ ဒီရာသီအသင်းကြီးတွေနဲ့ ရင်ဆိုင်တွေ့တဲ့ပွဲတွေမှာ  ပိုပြီးရုန်းကန်ပြတတ်တာတွေ့ရတယ်။ အေစီမီလန် နိုင်ပွဲရဖို့ ရုန်းကန်ရနိုင်ပြီး ဘိုလော့ဂ်နာ အမှတ်ရမယ်။