ဝက်စ်ဟမ်းအသင်းသည် ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရခြင်းကြောင့် လက်ရှိနည်းပြ ပယ်လီဂရီနီ၏ နေရာ၌ ဘင်နီတက်ဇ်နှင့်အစားထိုးရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ သို့သော် ဒါလီယန်ယီဖန်အသင်းက ဘင် နီတက်ဇ်၏ အသင်းမှထွက်ခွင့်လျော်ကြေးကို ကမ္ဘာ့စံချိန်တင်ပေါင်သန်း (၂၀)ကျော်အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။
ဝက်စ်ဟမ်းအသင်းအပါအဝင် ပရီးမီးယားလိဂ်အသင်းအချို့သည် စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်အား ခေါ်ယူရန် ဆန္ဒရှိနေကြသော်လည်း သူ၏လက်ရှိကလပ်အသင်းဖြစ်သည့် ဒါလီယန်ယီဖန်အသင်းက ကမ္ဘာ့စံချိန် တင်လျော်ကြေးစာချုပ် ချုပ်ဆိုထား၍ ၎င်းအားခေါ်ယူရန် အခက်တွေ့နေ ကြကြောင်း သိရှိရသည်။

ဝက်စ်ဟမ်းအသင်းသည် ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရခြင်းကြောင့် လက်ရှိနည်းပြ ပယ်လီဂရီနီ၏ နေရာ၌ ဘင်နီတက်ဇ်နှင့်အစားထိုးရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ သို့သော် ဒါလီယန်ယီဖန်အသင်းက ဘင် နီတက်ဇ်၏ အသင်းမှထွက်ခွင့်လျော်ကြေးကို ကမ္ဘာ့စံချိန်တင်ပေါင်သန်း (၂၀)ကျော်အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။

ထို့ပြင် ယင်းအသင်းသည် ဘင်နီတက်ဇ်အား မြင့်မားသည့်လစာငွေအဖြစ် တစ်နှစ်လျှင် ပေါင် (၁၂)သန်းခန့် ပေးချေနေကြောင်းလည်း သိရှိရသည်။ ဒါလီယန်ယီဖန်အသင်းသည် ယခုနှစ် ဇူလိုင်လက ဘင်နီတက်ဇ်အား (၂)နှစ်ခွဲသက်တမ်းရှိ စာချုပ်ဖြင့် နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တန်ကြေး မြင့်မားသည့်စာချုပ်များ ချုပ်ဆိုထား ခြင်းကြောင့် သူ့အား ဥရောပသို့ ပြန်လည်ခေါ်ယူလိုသည့် အသင်းများမှာ အခက်တွေ့နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ဘင်နီတက်ဇ်သည် ပရီးမီးယားကလပ် လီဗာပူးလ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးပြီး လီဗာပူးလ်အသင်းအား ချန်ပီယံလိဂ်ဖလား၊ ချယ်လ်ဆီးအား ယူရိုပါလိဂ်ဖလား ရယူပေးခဲ့သည်။