နိုင်ဂျီးရီးယားပရီးမီးယားလိဂ်ကလပ်အသင်းသားများ စီးနင်းလာသည့်ဘတ်စ်ကား လက်နက်ကိုင်ဓားပြများ၏ တိုက်ခိုက်ခံခဲ့ရပြီး ကစားသမားအချို့ဒဏ်ရာပြင်းထန်စွာရရှိ

နိုင်ဂျီးရီးယားပရီးမီးယားလိဂ်ကလပ်အသင်းသားများ စီးနင်းလာသည့်ဘတ်စ်ကား လက်နက်ကိုင်ဓားပြများ၏ တိုက်ခိုက်ခံခဲ့ရပြီး ကစားသမားအချို့ဒဏ်ရာပြင်းထန်စွာရရှိ
Photos: Getty Images
Photos: Getty Images
Published 1 December 2019

အသင်းနည်းပြအဖွဲ့ဝင်နှင့် ကစားသမားအချို့အပြင် ဘတ်စ်ကားမောင်းသူမှာလည်း ပြင်းထန်သည့်သေနတ်ဒဏ်ရာများရရှိပြီး ကုသမှုခံယူနေလျက်ရှိကြောင်း၊ ကလပ်အသင်းများ၏ လုံခြုံရေးအတွက် ဗဟိုအစိုးရ၊ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်၊ လိဂ်စီမံခန့်ခွဲမှုကုမ္ပဏီများထံ တင်ပြသွားမည်ဖြစ်ကြောင်း Ifeanyi Ubah အသင်း၏ကြေညာချက်တွင် ဖော်ပြထားသည်။

 

နိုင်ဂျီးရီးယားပရီးမီးယားလိဂ် ကလပ် Ifeanyi Ubah အသင်းကစားသမားများ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားသည် လက်နက်ကိုင်ဓားပြများ၏တိုက်ခိုက်ခြင်းခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူများရှိခဲ့ကြောင်း အသင်း၏ကြေညာချက်အရ သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာနိုမြို့ခံ Jigawa Golden Stars အသင်း နှင့်အဝေးကွင်းပွဲကစားရန် သွားရောက်ရာတွင် Ifeanyi Ubah အသင်းဘတ်စ်ကားမှာ Kogi ပြည်နယ်၏မြို့တော် Lokoja အနီးတွင် ပစ် ခတ်ခံခဲ့ရခြင်းဖြစ်သည်။ အသင်းနည်းပြအဖွဲ့ဝင်နှင့် ကစားသမားအချို့အပြင် ဘတ်စ်ကားမောင်းသူမှာလည်း ပြင်းထန်သည့်သေနတ်ဒဏ်ရာများရရှိပြီး ကုသမှုခံယူနေလျက်ရှိကြောင်း၊ ကလပ်အသင်းများ၏ လုံခြုံရေးအတွက် ဗဟိုအစိုးရ၊ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်၊ လိဂ်စီမံခန့်ခွဲမှုကုမ္ပဏီများထံ တင်ပြသွားမည်ဖြစ်ကြောင်း Ifeanyi Ubah အသင်း၏ကြေညာချက်တွင် ဖော်ပြထားသည်။

 

၂၀၁၆ ခုနှစ်တွင် ဝက်စ်ဟမ်းအသင်း၏မိတ်ဖက်ဖြစ်လာခဲ့သည့် Ifeanyi Ubah အသင်းသည်  နိုင်ဂျီးရီးယားအမှတ်ပေးပြိုင်ပွဲတွင် ဇယားအလယ်နား ရပ်တည်လျက်ရှိသည့်အသင်းဖြစ်သည်။ နိုင်ဂျီးရီးယားတွင် ယင်းသို့ဘောလုံးအသင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်များ မကြာခဏရှိခဲ့ဖူးကြောင်း သိရသည်။

 

၂၀၁၅ မတ်လအတွင်း ကာနိုပိုင်လာစ်အသင်း ကစားသမား ငါးဦးမှာ နိုင်ဂျီးရီးယားပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲကစားရန် Owerri သို့သွားရောက်စဉ် သေနတ်သမားများ၏ပစ်ခတ်ခြင်းခံခဲ့ရပြီး ၁၀ လအကြာ၌ အာဖ ရိကချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသူ Enyimba အသင်းဘတ်စ်ကားမှာ ရာသီကြိုပွဲကစားရန်သွားရောက်စဉ် သေနတ်သမားများ၏ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရဖူးသည်။ အခြားနိုင်ဂျီးရီးယားထိပ်တန်းလိဂ်ကလပ်အ သင်းများဖြစ်သည့် Ikorodu အသင်း နှင့် Akwa United အသင်းများမှာလည်း အဝေးကွင်းပွဲသွားရောက်ကစားစဉ် ယင်းသို့တိုက်ခိုက်ခံခဲ့ရဖူးသည့် သာဓကများလည်းရှိခဲ့ကြောင်း သိရသည်။

အသင်းဘတ်စ်ကား တိုက်ခိုက်ခံရမှုများ

တိုဂိုအသင်း (၂၀၁၀)

African Nations Cup ပြိုင်ပွဲဝင်ရန်လာသော နာမည်ကြီး အဒီဘာယော အပါအဝင် တိုဂိုအသင်းသားများ စီးနင်းလာသည့်ဘတ်စ်ကားမှာ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရ ပြီး ယာဉ်မောင်း သေဆုံးခဲ့ကာ ကစားသမားအချို့ ဒဏ်ရာရရှိခဲ့သည်။

ဖီနာဘာချီအသင်း(၂၀၁၅)

တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းသည် အဝေးကွင်းပွဲစဉ်ကစားအပြီးတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်ခြင်းခံခဲ့ရပြီး  ယာဉ်မောင်းဖြစ်သူ ဒဏ်ရာရရှိခဲ့ကာ နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

ဆားဘီးယားအသင်း(၂၀၁၅)

နှစ်နိုင်ငံအကြား နိုင်ငံရေးတင်းမာမှုကြောင့် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှပင် ဆားဘီးယားအသင်းစီးနင်းလာသည့် ဘတ်စ်ကားမှာ ကျောက်ခဲများဖြင့်ပစ်ပေါက်ခံခဲ့ရသော်လည်း ကံကောင်းထောက်မစွာပင် ဒဏ် ရာရသူ မရှိခဲ့ပေ။

အာဂျင်တီးနားအသင်း(၂၀၁၄)

ပီရူးနိုင်ငံသို့ ခြေစစ်ပွဲလာကစားသည့် မက်ဆီအပါအဝင် အာဂျင်တီးနားအသင်းသားများစီးနင်းလာသည့် ဘတ်စ်ကားမှာ ကျောက်ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ပြတင်းပေါက်များ ကွဲခဲ့သော်လည်း ဒဏ်ရာရသူမရှိခဲ့ပေ။

ရီးယဲလ်မက်ဒရစ်အသင်း(၂၀၁၀)

ဘာစီလိုနာလေဆိပ်မှ ဟိုတယ်သို့သွားရာလမ်းတွင် ရီးယဲလ်အသင်းဘတ်စ်ကားမှာ ကျောက်ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ၂၀၀၆ တွင်လည်း အလားတူဖြစ်ရပ်မျိုး ရှိခဲ့သည်။