လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ဗင်နီစီယပ်စ်အား အငှားချမည်မဟုတ်ကြောင်း ဇီဒန်း ပြောကြား

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ဗင်နီစီယပ်စ်အား အငှားချမည်မဟုတ်ကြောင်း ဇီဒန်း ပြောကြား
Photos: Getty Images
Photos: Getty Images
Published 30 November 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား အငှားချမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား အငှားချမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၁၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ယခုရာသီတွင် ရီးယဲလ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပြိုင်ပွဲစုံ (၁၁)ပွဲတွင် (၁)ဂိုးသာ သွင်းယူထားသည်။ 

ထို့ကြောင့် ဗင်နီစီယပ်စ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည့် အသင်းတစ်သင်းသင်းသို့ အငှားသွားရောက်ကစားဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

သို့သော် ဇီဒန်းက ယင်းသတင်းများကို ပယ်ချခဲ့ပြီး ဗင်နီစီယပ်စ်ကို အငှားချသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

"ဗင်နီစီယပ်စ်အနေနဲ့ ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ သူဟာ ရီးယဲလ်အသင်းမှာပဲ ဆက်ရှိနေပါလိမ့်မယ်။ အခုအချိန်မှာ သူ့အနေနဲ့ ရီးယဲလ်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် အခွင့်အရေးရလာမှာပါ။ ကျွန်တော်မှာ ကစားသမား (၂၆)ယောက် ရှိပါတယ်။ ဒါကြောင့် ပွဲထွက်စာရင်းမှာ တချို့ကစားသမားတွေကို ချန်ထားခဲ့ရပါတယ်။ လက်ရှိမှာ ဗင်နီစီယပ်စ်အနေနဲ့ အခွင့်အရေးမရသေးပေမယ့် အသင်းက လိုအပ်လာချိန်မှာ သူ့အနေနဲ့ အသင့်ဖြစ်နေဖို့ လိုပါတယ်"ဟု ဇီဒန်းက ပြောကြားခဲ့သည်။ 

လက်ရှိတွင် အသင်းတောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဟာဇက်သည် PSG အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရခဲ့သဖြင့် နိုဝင်ဘာ (၃၀)ရက်တွင် ကစားမည့် အလာဗတ်စ်နှင့် လာလီဂါပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပြီး ယင်းမှာ ဗင်နီစီယပ်စ်အတွက် အခွင့်အရေးပင်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။