ဘောလုံးအသင်းများအတွက် တစ်နေ့လျှင် ဖိလစ်ပိုင်ငွေ ပီဆို (၄၀၀၀၀) ဝန်းကျင် အကုန်အကျခံကာ MFF ကျွေးမွေးနေ

ဘောလုံးအသင်းများအတွက် တစ်နေ့လျှင် ဖိလစ်ပိုင်ငွေ ပီဆို (၄၀၀၀၀) ဝန်းကျင် အကုန်အကျခံကာ MFF ကျွေးမွေးနေ
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 29 November 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အမျိုးသားအသင်းနင့် လက်ရွေးစင် အမျိုးသမီးအသင်းကို တစ်နေ့လျှင် ဖိလစ်ပိုင်ငွေ ပီဆို (၄၀၀၀၀) ဝန်းကျင် အကုန်အကျခံ ကျွေးမွေးနေကြောင်း သိရသည်။

ကစားသမားများ၏ အစားအသောက်အဆင်ပြေစေရန် မနီလာမြို့ရှိ Tropicana Suites ၌ အခန်းငှားကာ နိုဝင်ဘာ (၂၆) ရက်မှစ၍ ချက်ပြုတ်ကျွေးမွေးနေခြင်းဖြစ်သည်။ အမျိုးသားဘောလုံးအသင်းတွင် အဖွဲ့ဝင် (၃၂) ဦး၊ အမျိုးသမီးဘောလုံးအသင်းတွင် အဖွဲ့ဝင် (၃၀) ဦး ပါဝင်ပြီး နေ့စဉ် အယောက် (၆၀) ကျော်အတွက် ကျွေးမွေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

''အခက်အခဲတွေကတော့ အများကြီးပါ။ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဝယ်ယူရတာရော သွားလာရတာရော ခက်ခဲပါတယ်။ အမျိုးသမီးအသင်းက မနီလာကနေ ၂ နာရီကျော်လောက် သွားရတဲ့အတွက် တစ်နေ့ကို နှစ်ကြိမ်စာကို မနက်ကတည်းက ပို့ပေးရပြီး အမျိုးသားအသင်းက နီးတဲ့အတွက် နှစ်ကြိမ်ပို့ပေးပါတယ်။ မနက် ၄ နာရီကျော်လောက်ကတည်းက စတင်ချက်ပြုတ်ရတာဖြစ်ပြီး ညနေဆိုရင် နောက်နေ့အတွက် စျေးဝယ်ရပါတယ်။ တစ်နေ့ကို ငွေကြေးကန့်သတ်မထားပေမယ့် ဖိလစ်ပိုင်ငွေ ပီဆို ၄၀၀၀၀ (ဒေါ်လာ ၈၀၀ ကျော်) ဝန်းကျင် ကုန်ကျပါတယ်။ MFF ဥက္ကဋ္ဌရဲ့ အစီအစဉ်နဲ့ ကျွေးမွေးနေတာပါ''ဟု အစားအသောက်ပိုင်းကို တာဝန်ယူဆောင်ရွက်ပေးနေသည့် MFF အမျိုးသမီးဘောလုံးကော်မတီ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent